ဝိုင်းမော် ရှအစ်ယန်းဒုက္ခသည်စခန်းမှာ အနွေးထည်နဲ့စောင်တွေ လိုအပ်နေ

2023.01.30
001 ဝိုင်းမော်မြို့နယ် ရှအစ်ယန် (Sha-it Yang) စစ်ဘေးဒုက္ခသည်စခန်းတွင်တွေ့ရသည့် ကလေးငယ်တစ်ဦး။
Photo: RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ဟောင်းနေရာ ပါဂျောင်ရွာအနီးက ရှအစ်ယန် (Sha-it Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေပါတယ်။

ရှအစ်ယန် (Sha-it Yang) စစ်ဘေးဒုက္ခသည်စခန်းတွင်တွေ့ရသည့် ဒုက္ခသည်မိသားစုတစ်စု။ (Photo: RFA)
ရှအစ်ယန် (Sha-it Yang) စစ်ဘေးဒုက္ခသည်စခန်းတွင်တွေ့ရသည့် ဒုက္ခသည်မိသားစုတစ်စု။ (Photo: RFA)

Photo: RFA
Photo: RFA

အဲဒီနေရာဟာ နှင်းကျပြီး အေးတဲ့ဒေသဖြစ်သလို နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ မနက်အစောပိုင်း ရေခဲတဲ့အထိ အေးတာကြောင့် ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေတာလို့ ဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးမဝိုင်အောင်ဒီးက RFA ကို ပြောပါတယ်။

Photo: RFA
Photo: RFA

"နေ့လယ်ခဏပဲနွေးပြီး တစ်နေကုန် တော်တော်အေးတော့ အနွေးထည်တွေ၊ စောင်တွေ တော်တော်ခက်ခဲကြတာပေါ့။ ထင်းတွေလည်း မီးလှုံရတယ်၊ ထင်းကောက်မယ့် နေရာတွေလည်း မရှိလာတော့ ကျနော်တို့အတွက် ဆောင်းတွေမှာက နေရတာ အဆင်မပြေဘူး။ သူများတွေထက်တော့ ပိုပြီးခက်ခဲတယ်လို့ ခံစားရတာပေါ့"

Photo: RFA
Photo: RFA

အနွေးထည်မရှိတဲ့ တချို့ကျောင်းသားတွေ ဒီအတိုင်းပဲ ကျောင်းလာနေကြရတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာရှိတဲ့ ရှအစ်ယန် အလယ်တန်းကျောင်းဆရာတစ်ဦးက RFA ကို ပြောပါတယ်။

Photo: RFA
Photo: RFA

"အနွေးထည် သိပ်မရှိကြတော့ဘူး။ ကျောင်းလာတာ တချို့က အနွေးထည်တောင်မဝတ်ဘူး။ အရင်ကတော့ အကူအညီတွေ လာပေးတယ်။ အခုနောက်ပိုင်း သိပ်မလာတော့ဘူး။ ဝယ်ဝတ်ဖို့လည်း ဒီမှာကစျေးကြီးတယ်"

Photo: RFA
Photo: RFA

ဒီစခန်းမှာ ၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစပြီး ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရွာပေါင်း ၂၀ ခန့်က စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော် နေထိုင်နေပါတယ်။

Photo: RFA
Photo: RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။