ရန်ကုန် ၃၇ လမ်းက စာအုပ်အဟောင်းတန်း

2022.02.07
Share on WhatsApp
Share on WhatsApp
book-stall-001

book-stall-002

book-stall-003

book-stall-004

book-stall-005

book-stall-006

book-stall-007

book-stall-008

book-stall-009

book-stall-010

ရန်ကုန်မြို့က စာပေဝါသနာရှင်တွေ မွေ့လျော်ကြတဲ့ စာအုပ်အဟောင်းတန်းဟာ ၃၇ လမ်း အောက်ဘလောက်မှာ တည်ရှိပါတယ်။

ဒီစာအုပ်တန်းကို အရင်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမနံဘေးမှာ ဖွင့်လှစ်ခဲ့ကြပြီး အကြောင်းကြောင်းကြောင့် ၃၇ လမ်းကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြတာပါ။

စာအုပ်အဟောင်းတန်းမှာ ဖွင့်လှစ်ရောင်းချသူ အများစုဟာ စာအုပ်ရောင်းတဲ့သက်တမ်း ၂၅ နှစ် ကနေ အနှစ် ၃၀ နီးပါးအထိရှိကြပြီး ရသစာပေ၊ သုတစာပေအပါအဝင် ခေတ်အဆက်ဆက် ထွက်ရှိခဲ့တဲ့ စာအုပ်အဟောင်းမျိုးစုံကို ရောင်းချကြပါတယ်။

အရင်အစိုးရလက်ထက်က သိမ်ဖြူလမ်း အတွင်းဝန်ရုံးရှေ့မှာ စာအုပ်တန်းအဖြစ် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အခုအခါ ဖွင့်လှစ်နိုင်ခြင်းမ‌ရှိတော့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။