သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-07
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် မတ် ၃ ရက် အကြမ်းဖက်ဖြိုခွဲမှုမှာ ကျည်ထိမှန်ခဲ့တဲ့ ကိုဟိန်းထက်အောင် (ခ) ကိုထက်အောင် အသက် ၁၇ နှစ်၊ ကိုမင်းဦး အသက် ၂၁ နှစ် တို့ကို ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်တာ ဖြစ်ပါတယ်။
2021-03-07
ပန်းဘဲတန်းမြို့နယ် ၇ ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို မတ်လ ၆ ရက်နေ့ညမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက် မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ သူတို့လက်မှာတင် ကွယ်လွန်သွားပါတယ်။
2021-03-07
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပြည်သူတွေ ထဲကနေ မသင်္ကာဖွယ်လူ သုံးဦးကို ပြည်သူတွေကဖမ်းပြီး မူဆယ်မြို့မရဲစခန်းကို အပ်ခဲ့ရာမှာ တစ်ဦး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-03-07
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ မူဝါဒရပ်တည်ချက်တွေကို ကြိုဆိုပေမယ့် ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းချပြဖို့လိုတယ်လို့ ရခိုင်ပြည် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။
2021-03-07
မန္တလေးမြို့မှာ၂၂ လမ်း ၈၈ နဲ့ ၈၉ လမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ် ဆန္ဒပြနေတာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပရဟိတ အဖွဲ့ဝင်တစ်ယောက် သေနတ်ကျည် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
2021-03-07
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ဗဟိုလမ်းမပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းကို အာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ ဆန္ဒပြ ပြည်သူတွေကို ညှိနှိုင်းမှုမရှိဘဲ မတ်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
2021-03-07
မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ ရဲနဲ့တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရတဲ့ မွန်မြတ်စိတ်ထားပရဟိတ အဖွဲ့ဝင် လေးဦးဟာ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာမှာ ကူညီဆောင်ရွက် ပေးနေသူတွေ ဖြစ်ပါတယ်။
2021-03-07
မန္တလေးတိုင်း ပုဂံမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြဖို့လူစုနေချိန်မှာ စစ်တပ်နဲ့ ရဲတို့က သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
2021-03-07
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို မတ်လ ၆ ရက်နေ့ညမှာ စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ နောက်တနေ့မှာပဲ သေဆုံးသွားကြောင်း မိသားစုကို မြို့နယ်စခန်းမှူးက အကြောင်းကြားခဲ့တာပါ။
2021-03-06
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်စပ်ခြံစည်းရိုးကာနေတဲ့ အမှတ် (၉၄၂) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့က ဒုအရာခံဗိုလ် သက်ထွန်းအောင်နဲ့ အရပ်သား အလုပ်သမား နှစ်ဦးတို့ဟာ မနေ့နေ့လယ်က သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါတယ်။
2021-03-06
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်ခိုလှုံသွားခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်လွှဲအပ်ပေးဖို့၊ မြန်မာအာဏာပိုင်တွေက အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။
2021-03-06
မြန်မာနိုင်ငံထဲမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်တပ်ကအကြမ်း ဖက်ဖြိုခွင်းပြီး ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဆက်တိုက်ဖမ်းဆီးနေပေမယ့် လူထု လှုပ်ရှားမှုကတော့ အရှိန်မြင့်နေဆဲဖြစ်ပါတယ်။
2021-03-06
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လူထုလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲနေပြီး ဆရာ ဆရာမတွေ၊ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံနေရပါတယ်။
2021-03-06
လှိုင်သာယာမြို့နယ်၊ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ အမှတ် (၃) တပ်ခွဲမှာ တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် ဝင်းသန်းထွန်း ကိုယ်ပိုင်အမှတ် လ - ၁၉၀၅၉၉ဟာ မတ် ၆ ရက်နေ့ ဒီနေ့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။