သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-10
ကဲလင်းဆိပ်ရွာကို စက်တင်ဘာ ၈ ရက်နေ့မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ သုံးဦး သေဆုံးပြီး ကလေးသုံးဦး အပါအဝင် ဆယ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-09-10
မြန်မာနိုင်ငံ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို ပိုမိုသွားရောက်ခွင့်ရဖို့ စစ်ကောင်စီဥက္ကဋ္ဌကို တိုက်တွန်းခဲ့တယ်လို့ ICRC က စက်တင်ဘာလ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2024-09-10
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှာ မိုးကြီးပြီး ရေကြီးရေလျှံနေတာကြောင့် အသက် (၆၁) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ရေထဲနစ်မြုပ် သေဆုံးသွားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2024-09-10
၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နယ်မြေတွေလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ အညာဒေသမှာ ထိုးစစ်ဆင်တာတွေ ပိုစိပ်လာပြီး လေကြောင်းရော လက်နက်ကြီးနဲ့ပါ နေ့စဉ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
2024-09-10
သီပေါမြို့မှာ တိုက်ပွဲတွေကြောင့် မြို့ပေါ်က ဆေးရုံ၊ ဆေးခန်းတွေအာလုံး ပိတ်သွားပါတယ်။ ဒါကြောင့် မြို့ခံတွေ၊ ဆရာဝန်၊ သူနာပြုနဲ့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ဒီအခမဲ့ဆေးခန်းကို ဖွင့်လှစ်ခဲ့တာပါ။
2024-09-10
ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူခုနစ်ဦးခန့် ဝင်ရောက်ဓားပြတိုက်သွားတာလို့ ချောင်ချောင် ရွှေဆိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပါတယ်။
2024-09-10
IIMM ရဲ့ အစီရင်ခံစာအပေါ် ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးမှုကို ဗြိတိန်အစိုးရက စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-09-10
မီးရှို့ဖျက်ဆီးခံရတာများတဲ့ မြို့နယ်တွေကတော့ ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနဲ့ မုံရွာမြို့နယ်တွေဖြစ်ပြီး အိမ်ခြေ တစ်ထောင်နဲ့ ငါးထောင်ကြား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
2024-09-10
စီမံကိန်းတွေနဲ့ သူတို့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သံအမတ်ကြီး မစ္စ မာကျားတို့ စစ်ကောင်စီကို ဩဂုတ်လထဲမှာ သုံးကြိမ်တိုင်တိုင်ပြောဆိုခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း အစွမ်းကုန်ကာကွယ်ပေးမယ်လို့ ကတိပြန်ပေးတဲ့အကြောင်း တရုတ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
2024-09-10
AA က ယာယီအကျဉ်းစခန်းအဖြစ် အသုံးပြုနေတဲ့ မောင်တောမြို့က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၂) စခန်းနေရာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် အကျဉ်းသား ငါးဆယ်ကျော် သေဆုံးသွားတယ်လို AA က ထုတ်ပြန်ပါတယ်။
2024-09-10
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ရွာသစ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို မြေပြင်စစ်ကြောင်းကလည်း ရွာတွေကို ဝင်ရောက်စီးနင်းပြီး ရွာသားတချို့ကို ဖမ်းဆီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2024-09-10
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ စက်တင်ဘာ ၉ ရက်နေ့ကစပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာတာကြောင့် ရေကြီးရေလျှံတာတွေ ထပ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-10
ရုရှားနိုင်ငံနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲမှာ စိုက်ပျိုးရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ စက်ရုံတွေ တည်ဆောက်ဖို့အတွက် လက်မှတ်ရေးထိုးထားတယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ သတင်းစာတွေတစ်ဆင့် ဖော်ပြပါတယ်။
2024-09-10
မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀၇ ဦးထဲက ၄၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၆၃ ဦးဟာ အကူအညီကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
2024-09-10
နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာပဲ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ သင်တန်းကျောင်းအသီးသီးမှာ စတင်ဖွင့်လှစ်နေပြီလို့ စစ်ကောင်စီက စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာပါတယ်။