သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-27
ပြည်သူနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သလို လားရှိုးမြို့ရဲ့ အကြီးဆုံး မြို့မဈေးကြီးနဲ့ ဆိုင်ခန်းတွေ တစ်ဝက်လောက် ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
2024-09-27
ရနောင်းခရိုင်အာဏာပိုင်တွေက အမျိုးသမီးတွေအပါအဝင် မြန်မာ ၁၂၇ ယောက်ကို ကော့သောင်းအာဏာပိုင်တွေဆီကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ လွှဲပေးခဲ့တာဖြစ်ပါတယ်။
2024-09-27
ပင်းမြစ်တစ်လျှောက်မှာ စက်တင်ဘာလ ၂၄ ရက် ညပိုင်းကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ချင်းမိုင်မြို့တော်ဝန်ရုံးက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
2024-09-27
စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) တွေ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းကနေဖြစ်ဖြစ်၊ ရွေးကောက်ပွဲ လမ်းကြောင်းကနေဖြစ်ဖြစ် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
2024-09-27
ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် နှစ်စကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတာ ကိုးလရှိလာပြီ ဖြစ်ပါတယ်။
2024-09-27
ဧရာဝတီတိုင်း၊ ဖျာပုံနဲ့ ငပုတောမြို့နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက တိုက်ရိုက်နာမည်ဆင့်ခေ်ပြီး စစ်မှုထမ်းခိုင်းတာအပြင် ငွေကြေးတောင်းယူနေတာလည်း ရှိတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2024-09-27
ရမည်းသင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် နေအိမ်ပျက်စီးပြီး ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည်တွေကို ယာယီစစ်ဘေးဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့်မပြုတော့ဘဲ နေရပ်ပြန်ကြဖို့ ဖိအားပေးခံနေရပါတယ်။
2024-09-27
မြန်မာ့နိုင်ငံရေး ပြသနာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ မပြေလည်နိုင်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တောင်းဆိုလိုက်ပါတယ်။
2024-09-27
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၀၃) ကို စက်တင်ဘာလ ၂၆ ရက်နေ့က TNLA သိမ်းပိုက်လိုက်တယ်လို့ TNLA နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2024-09-27
အိန္ဒိယအစိုးရက မြန်မာနယ်စပ်မှာ ခြံစည်းရိုးဆက်ကာနေပြီး ကီလိုမီတာ သုံးဆယ်ကျော် ပြီးနေပြီလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
2024-09-27
လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ရေထပ်တိုးလာတဲ့အတွက် ရေမမြုပ်ဘဲ ကျန်နေတဲ့ ရပ်ကွက်တွေပါ ရေနစ်မြုပ်မှုတွေရှိလာပါတယ်။
2024-09-27
RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာ၊ စာရင်းကောက်တာနဲ့ ငွေကြေးတောင်းခံတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၈ ဦးဟာ သတ်ဖြတ်ခံရပါတယ်။
2024-09-27
၂၀၁၉ ခုနှစ်အတွင်း ပြည်ပကို ပို့ကုန်တင်ပို့ပြီး ရငွေ ပြန်ဝင်တဲ့ကုမ္ပဏီ ၅၉ ခုကို အမည်ပျက်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
2024-09-27
ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စက်တင်ဘာ ၂၅ ရက်နေ့နဲ့ ၂၆ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ ၁၃ ဦးအထိ ရှိလာတယ်လို့ ခင်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
2024-09-27
ပြည်တွင်းမှာ အခေါက်ရွှေ ရည်ညွှန်းဈေးဟာ တစ်ပတ်ကျော်အတွင်း ကျပ်နှစ်သိန်းခန့်အထိ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။