သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-30
စစ်ကောင်စီကလည်း CDM တွေကို ဖမ်းဆီးတာတွေရှိသလို တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း တော်လှန်ရေးအင်အားစုတွေက Non-CDM တွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ CDM ဝင်ကြဖို့ တိုက်တွန်းတာတွေ ရှိပါတယ်။
2023-01-29
ကျီရွာက တိမ်းရှောင်ခဲ့တဲ့မိသားတစ်စု အိမ်အပြန်လာမှာ သူတို့အိမ် မီးလောင်ပြီးပြီဖြစ်သလို ချက်ပြီးစ ထမင်းအိုးနဲ့ ဟင်းအိုးက ပြာပုံထဲမှာ ကျွမ်းနေပါပြီ။ အဲဒီနေ့အတွက် ဘယ်မိသားစုမှာမှ စားစရာမရှိတော့ပါဘူး။
2023-01-29
RFA အဖွဲ့သား ဦးသစ်ဆင်း အပတ်စဉ် တင်ပြနေတဲ့ “ပြည်ပသတင်းမီဒီယာတွေက ပြောတဲ့ မြန်မာပြည်” အစီအစဉ် ဖြစ်ပါတယ်။
2023-01-29
ဒီဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က ကြီးမှူးကျင်းပတာဖြစ်ပြီး တောင်ကိုရီးယားရောက် မြန်မာတွေနဲ့ တောင်ကိုရီးယားနိုင်ငံသား ၃ဝဝ ကျော် ပါဝင်ခဲ့ကြပါတယ်။
2023-01-29
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့ဟာ အရှေ့တောင်အာရှမှာ အလုံခြုံဆုံးမြို့ဖြစ်ပြီး ရန်ကုန်ကတော့ သုံးနှစ်အတွင်း ရာဇဝတ်မှု ဖြစ်ပွားနှုန်း ၆၇% ကျော် မြင့်တက်လာတယ်လို့ ၂၀၂၃ အတွက် ရာဇဝတ်မှုနဲ့လုံခြုံမှု ညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။
2023-01-29
တစ်ပတ်အတွင်း မြန်မာနဲ့ အာရှတစ်လွှားမှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ သတင်းတွေကို RFA အဖွဲ့သူ မနန္ဒာချမ်း စုစည်းတင်ဆက်နေတဲ့ အစီအစဉ် ဖြစ်ပါတယ်။
2023-01-29
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ချောင်းကြားရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၉ ရက်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပြီး ဒေသခံငါးရာနီးပါး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
2023-01-29
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဇန်နဝါရီလ ၂၇ ရက် သောကြာနေ့ ည ၉ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-29
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ဆိတ်ကလေးဆူးတောရွာက အသက် ၄၀ အရွယ် ကိုကျော်ဇင်လတ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သုံးရက်အကြာ အလောင်းပြန်ပို့ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဇန်နဝါရီလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-29
ထိုင်းနိုင်ငံ ရနောင်းမြို့က မြန်မာပြည်ပြန်ရမယ့်သူတွေထားတဲ့အချုပ်မှာ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ ကြန့်ကြာနေတာကြောင့် ဇန်နဝါရီလ၂၈ ရက်ကစလို့ ဆန္ဒပြနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
2023-01-29
စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၂၃၂ ဦး ဖမ်းဆီးထားရဆဲဖြစ်တယ်လို့ NLD ပါတီက ဇန်နဝါရီလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-28
နှစ် ၆၀ ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုတ်ပြုတဲ့အနေနဲ့ ဒုတိယအကြိမ် စစ်သုံ့ပန်းနဲ့ အကျဉ်းသားတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကျဉ်းသား ၁၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ TNLA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2023-01-28
စစ်ကိုင်းတိုင်း တမူးမြို့နယ်ကနေ အိန္ဒိယဘက်ခြမ်း စစ်ဘေးတိမ်းရှောင်နေသူတွေကို တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ မဏိပူရပြည်နယ် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယထုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
2023-01-28
သူဟာ မိုးကောင်း-ဖားကန့် ကားလမ်းမပိုင်းမှာ ကားသမားအယောင်ဆောင်ပြီး KIA၊ PDF တွေရဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်းနေတာကြောင့် အခုလို ဖမ်းဆီးရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
2023-01-28
စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ အတိုက်အခံအင်အားစုတွေ ဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီလ ၂၈ ရက်မှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သတင်းထုတ်ပြန်ပါတယ်။