သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-28
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာ ဇန်နဝါရီလ ၂၈ ရက်မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား ခုနစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-28
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇန်နဝါရီလ ၂၅ ရက်နောက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာနဲ့ ဒုက္ခသည်စခန်းသုံးခုက ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-01-28
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ကျောက်ထုံးကြီးရွာမှာ ဇန်နဝါရီလ ၂၆ ရက် နေ့လယ်က လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ကလေးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-28
စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားချက်တွေ လူမှုကွန်ရက်စာမျက်နှာမှာ မကြာခဏ ပေါက်ကြားခဲ့ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းအချက်အလက်လုံခြုံရေးကို စနစ်တကျကြီးကြပ်ဖို့ ဇန်နဝါရီလ ၂၇ ရက် နေပြည်တော်က စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
2023-01-28
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာသစ်ရွာကို ဇန်နဝါရီလ ၂၈ ရက်မနက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အရပ်သား တစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-28
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ နန့်ရင်းရွာမှာ ဇန်နဝါရီလ ၂၇ ရက် နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-27
လာမယ့် ဖေဖော်၀ါရီလ ၁ရက်နေ့ဆိုရင် စစ်တပ်အာဏာသိမ်းတာ နှစ်နှစ်ပြည့်မြောက်သွားပါပြီ။ ဒီနှစ်နှစ်ဆိုတဲ့ အချိန်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအပါအဝင် နိုင်ငံတကာဆက်ဆံရေး အခြေအနေတွေဘယ်လိုရှိနေပါသလဲ အခုတစ်ပတ် RFA စကားဝိုင်းအစီအစဥ်မှာ ဆွေးနွေးထားပါတယ်။
2023-01-27
အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ လက်နက်နဲ့ ဘဏ္ဍာငွေ မလုံလောက်မှုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် Intelligent Operation လို့ခေါ်တဲ့ စစ်သတင်းထောက်လှမ်းရေးဗျူဟာကို ဦးစားပေးကျင့်သုံးနိုင်မယ်ဆိုရင် စစ်ကောင်စီတပ်တွေအပေါ် အောင်မြင်မှုရနိုင်တယ်လို့ မြန်မာ့အရေးနဲ့ စစ်ရေးကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က သုံးသပ်ပါတယ်။
2023-01-27
၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ ဆုတ်ယုတ်သွားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောလိုက်ပါတယ်။
2023-01-27
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားနှစ်ဦးကို ဇန်နဝါရီလ ၂၆ ရက် မနေ့မနက် ၈ နာရီခန့်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို ရွေးကောက်ပွဲမသမာမှုစွဲစွပ်ချက် အမှုသုံးခုနဲ့ ဇန်နဝါရီလ ၂၇ ရက်မှာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တရားရုံးက ထောင် ကိုးနှစ်ထပ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-01-27
စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ဟာ ကန့်သတ်ချက်တွေ များလွန်းပြီး တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပါတီတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2023-01-27
ဇန်နဝါရီလ ၂၂ ရက်နေ့မှာကျရောက်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးမတိုင်ခင် ဇန်နဝါရီ ၁၅ ရက်နေ့ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲတွေ ရပ်တန့်သွားပါတယ်။
2023-01-27
ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ဘေးဒုက္ခသည် ၃၀၀၀ ဝန်းကျင်လောက် ထပ်မံထွက်ပြေးလာတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆီဆိုင်မြို့က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူအချို့က RFA ကို ဇန်နဝါရီ ၂၇ ရက်က ပြောပါတယ်။
2023-01-27
ညောင်လှရွာမှာ နေအိမ် ၁၀၀၀ နီးပါးနဲ့ လူဦးရေ ၃၀၀၀ ကျော် နေထိုင်ပြီး အခုတော့ ဘေးလွတ်ရာ တောင်ယာတွေထဲကို ရွှေ့ပြောင်းနေထိုင်နေတယ်လို့ အမည်မဖော်လိုတဲ့ ညောင်လှရွာ ဒေသခံတစ်ဦးက ပြောပါတယ်။