သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-20
သာကေတမြို့နယ်မှာ ကြံရည်ရောင်းနေတဲ့ ပြည်သူနှစ်ဦးကို ပျူစောထီးအဖွဲ့ဝင်တွေ ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-03-20
ကော့ကရိတ်မှာ အချိန်လွန်သွားလာတဲ့သူတွေကို စစ်ကောင်စီက ဖမ်းပြီးထောင်ချနေတဲ့အတွက် တစ်လကျော်အတွင်း ပြည်သူ ၁၃ ဦး ထောင်ခြောက်လစီ ကျခံနေရပါတယ်။
2023-03-20
မြန်မာ့အရေးကို အာဆီယံအသင်းက မကူညီ၊ မဖြေရှင်းနိုင်ရင် ဒေသတွင်းမှာ ပြင်ပအင်အားကြီး နိုင်ငံတွေရဲ့စွက်ဖက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီက ပြောပါတယ်။
2023-03-20
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်ဟာ ထိုင်းနဲ့ အင်ဒိုးနီးရှားခရီးစဉ် ဒီနေ့ စတင်လိုက်ပါတယ်။
2023-03-20
ဖေဖော်ဝါရီလ တစ်လအတွင်း ပြည်နယ်နဲ့ တိုင်းကိုးခုမှာ နေအိမ် ၅၁၅၂ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data For Myanmar က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-03-20
ဂျေယန်စစ်ဘေးဒုက္ခသည်စခန်း ရပ်ကွက် (၆) မှာ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက လျှပ်စစ်ဝါယာရှော့ကြောင့် နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
2023-03-20
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာလေးဦး ဘူးသီးတောင်မြို့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
2023-03-19
ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ WFP က အခုမတ်လဆန်းကစပြီး ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ငွေ ၁၇ ရာခိုင်နှုန်း လျှော့ချခဲ့ပါတယ်။
2023-03-19
ဒုက္ခသည်တွေ ပြန်နိုင်ရေးကြိုးပမ်းချက်ကို အထောက်အကူပြုတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ပါဝင်ပတ်သက်သူအားလုံး ညှိနှိုင်းဆွေးနွေးဖို့ UNHCR က ထည့်သွင်းစဉ်းစားတယ်လို့ ဆိုပါတယ်။
2023-03-19
ပြင်ပဆောင်းပါးရှင် မောင်သံဒိုးရဲ့ " ဟဟ ပါပဲ " အစီအစဉ်ဖြစ်ပါတယ်။
2023-03-19
မတ်လ ၁၂ ရက်မှာ မြင်းမူမြို့နယ်ကနေ မြောင်မြို့နယ်ကို အင်အား ၁၇၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် အရပ်သားနှစ်သောင်းကျော် ထွက်ပြေးခဲ့ရပါတယ်။
2023-03-19
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် ခလရ (၆၀) က မတ်လ ၁၈ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာလေးရွာက ဒေသခံ ၂၆၉၆ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-03-19
လုံးခင်းရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ခြောက်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-19
ဝက်လက်မြို့နယ် သမရိုးရွာမှာ နေအိမ် ၂၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် လူတစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
2023-03-19
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရွာထဲကို မတ်လ ၁၈ ရက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်ခြောက်နှစ်အရွယ် စောဖိုးသင်္ကြန် သေဆုံးခဲ့ပါတယ်။