သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-01
ဖျက်ဆီးခံရတဲ့ မဟာဓာတ်အားလိုင်း တာဝါတိုင်တွေ စတင်ပြုပြင်နေပြီး ပြုပြင်ချိန် တစ်ပတ်ခန့် ကြာမြင့်နိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဧပြီ ၁ ရက်နေ့မှာ ကြေညာပါတယ်။
2023-04-01
စစ်တပ်အာဏာသိမ်းကာလ ၂၅ လအတွင်း ကယားပြည်နယ်မှာ အရပ်သား ၃၁၃ ယောက် အသတ်ခံရပြီး တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီ ၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
2023-04-01
ထီးချိုင့်၊ ကလေးနဲ့ ဒီပဲယင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး အရပ်သားလေးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ရပါတယ်။
2023-04-01
ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်စပ်မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် အရပ်သား ၅,၀၀၀ နီးပါး ထွက်ပြေးနေရပါတယ်။
2023-04-01
စစ်ကိုင်းမြို့နယ် မောင်းထောင်ရွာက အရပ်သား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မူးမြစ်ထဲကို အလောင်းတွေ စွန့်ပစ်ခဲ့ပါတယ်။
2023-04-01
သထုံမြို့နယ် တောင်ကလေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးငယ်လေးဦး အပါအဝင် အရပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
2023-03-31
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ စစ်အာဏာ သိမ်းမှုကြောင့် နိုင်ငံတစ်ဝန်းပဋိပက္ခတွေ ပေါ်ပေါက်နေချိန်မှာ စစ်ကောင်စီက ဘာကြောင့် ရွေးကောက်ပွဲ ကျင်းပရတာလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ပေါက်လာပါတယ်။
2023-03-31
လွတ်လပ်မှု တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ (NUCC)နဲ့ (NUG)တို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့်မှာ ပူးတွဲကြေညာချက် ထုတ်လိုက်ပါတယ်။
2023-03-31
အာရှလမ်းသစ်မှာ တိုက်ပွဲဖြစ်နေတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို ပြောင်းလဲအသုံးပြုနေတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေဆီကနေ အပစ်ရပ် KNU-KNLA/PC နဲ့ နယ်ခြားစောင့်တပ်တွေက ဂိတ်ဖြတ်သန်းခ ကောက်ယူနေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
2023-03-31
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ NUG/PDF နဲ့ သူတို့ကို ပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလိုက်တဲ့နောက် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ဘယ်လိုဖိနှိပ်ချေမှုန်းမှုတွေ ရှိလာနိုင်မလဲဆိုတာ ဆွေးနွေးထားပါတယ်။
2023-03-31
စစ်အာဏာရှင်လက်ထက်မှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေပြန်ပို့မယ့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆိုင်းငံ့ထားသင့်တယ်လို့ HRW က ပြောလိုက်ပါတယ်။
2023-03-31
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တိုးတက်မှုအခြေအနေ ဆိုးဆိုးဝါးဝါး နိမ့်ကျနေပါတယ်။
2023-03-31
မကွေးတိုင်း၊ ဆောမြို့နယ်မှာရှိတဲ့ စံစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးနဲ့ သံဃာတစ်ပါး ဖမ်းဆီးခံရပါတယ်။
2023-03-31
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဆိုင်းဘုတ်ကို မတ်လ ၃၁ ရက်၊ မနက် ၉ နာရီခွဲက အရပ်ဝတ်တွေဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြုတ်သိမ်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
2023-03-31
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း သုံးပုံနှစ်ပုံအထိ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့ဟာ လက်ရှိ နေအိမ်အပျက်အစီးတွေအကြား လူသံတိတ်ဆိတ်နေပြီး ဗုံးသံ၊ သေနတ်သံတွေကိုပဲ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။