သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-14
စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ နှစ်ဖက်ကြား လိုချင်တဲ့ပုံစံ ကွာဟချက် ကြီးမားတဲ့အပေါ်မှာ အာဆီယံအနေနဲ့ ကြားက ရှေ့ဆက် ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ရဖို့ရှိပါတယ်။
2024-10-14
လှိုင်သာယာမြို့နယ် အမှတ် ၁၁ ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းဝင်းအနီးမှာ စစ်ကောင်စီအဖွဲ့ဝင် ဦးကျော်သူဝင်းမှာ သေနတ်ဒဏ်ရာ သုံးချက်၊ ကိုယ်ရေးအရာရှိကတော့ ဦးခေါင်းကို နှစ်ချက် ပစ်ခတ်ခံရတာပါ။
2024-10-14
လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အတွက် လှုပ်ရှားနေတဲ့ အသံ - Athan အဖွဲ့ရဲ့ အောက်တိုဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာ နိုင်ငံတစ်ဝန်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ပြီး ဖမ်းဆီးခံရသူ ၂၀၂ ဦးအထိရှိတယ်လို့ ဆိုပါတယ်။
2024-10-14
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်က အင်အား သုံးဆယ်ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် လူ နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
2024-10-14
သံဖြူဇရပ်မြို့မှာ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအ၀င် အသင်းသား သုံးဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲခံရပါတယ်။
2024-10-14
ဂွမြို့နယ်၊ ကူးတို့လေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-14
ရန်ကုန်မြို့မှာ လူနေ တိုက်ခန်းငှားခတွေ၊ အိမ်၊ ခြံ၊ မြေ စျေးတွေ အဆမတန်တက်ပြီး ငှားမဲ့အိမ်ခန်းတွေ ရှားပါးလာနေပါတယ်။
2024-10-14
ဝမ်းတွင်းမြို့က စစ်ကောင်စီရုံးတွေဖြစ်တဲ့ ဝမ်းတွင်းမြို့မရဲစခန်းနဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးတို့ဟာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဝမ်းတွင်းမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-14
လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲချခဲ့တာကြောင့် အမျိုးသား သုံးဦး ပွဲချင်းပြီး သေဆုံးပြီး ကလေး တစ်ဦးပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2024-10-14
ဘုတလင်မြို့နယ်မှာ သုံးရက်အတွင်း စစ်ကောင်စီတပ်က မြို့ပေါ်နဲ့ ရွာတွေထဲ စီးနင်းပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးအထိရှိလာပါတယ်။
2024-10-14
သာယာဝတီ အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတစ်ဦးဟာ အချိန်မီ ဆေးကုသခွင့်မရဘဲ သာယာဝတီဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2024-10-14
ပြည်မြို့ ရွှေဆံတော်ဘုရားအနီးမှာ ဖမ်းဆီးခံရတဲ့ လူငယ်ငါးဦးဟာ အဆက်အသွယ် ပြတ်တောက်နေပါတယ်။
2024-10-14
သီပေါမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ-၂၃ တပ်ရင်းကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တစ်မြို့နယ်လုံးကို ထိန်းချုပ်လိုက်ပါတယ်။
2024-10-13
အာဆီယံအနေနဲ့အဖွဲ့အတွင်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ အတိုက်အခံအင်အားစုတွေဘက်က ‘အသံ’ ပါဝင်နိုင်အောင်လိုအပ်တယ်လို့ ဆိုပါတယ်။
2024-10-13
ဒီပွဲကို မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် ဒေါက်တာ Clarance Lam၊ ကုလဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းနဲ့ NUG ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။