သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-31
စစ်အာဏာရှင်လက်ထက်မှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေပြန်ပို့မယ့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆိုင်းငံ့ထားသင့်တယ်လို့ HRW က ပြောလိုက်ပါတယ်။
2023-03-31
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တိုးတက်မှုအခြေအနေ ဆိုးဆိုးဝါးဝါး နိမ့်ကျနေပါတယ်။
2023-03-31
မကွေးတိုင်း၊ ဆောမြို့နယ်မှာရှိတဲ့ စံစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးနဲ့ သံဃာတစ်ပါး ဖမ်းဆီးခံရပါတယ်။
2023-03-31
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဆိုင်းဘုတ်ကို မတ်လ ၃၁ ရက်၊ မနက် ၉ နာရီခွဲက အရပ်ဝတ်တွေဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြုတ်သိမ်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
2023-03-31
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း သုံးပုံနှစ်ပုံအထိ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့ဟာ လက်ရှိ နေအိမ်အပျက်အစီးတွေအကြား လူသံတိတ်ဆိတ်နေပြီး ဗုံးသံ၊ သေနတ်သံတွေကိုပဲ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-03-31
ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာ ၁၅၀၀ ကျော် ပြန်လည်လက်ခံမယ့် စစ်ကောင်စီရဲ့ အစီအစဉ်မှာ ပြန်လာမယ့်သူ မရှိသလောက်နည်းပါးနေတယ်လို့ RFA ကိုပြောပါတယ်။
2023-03-31
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာ စာသင်ကျောင်းကို မတ်လ ၃၀ ရက် မနေ့နေ့လယ် တစ်နာရီအချိန်က စစ်ကောင်စီတိုက်လေယာဉ် နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းအနီးရှိနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
2023-03-31
ရုရှားနိုင်ငံ၊ Rusatom International Network, ROSATOM က မြန်မာနိုင်ငံက နေရာသုံးခုမှာ လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းအဆိုပြုချက်အတွက် စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တင်ပြခဲ့ပါတယ်။
2023-03-31
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နားက စစ်ကောင်စီတပ်ဂိတ်မှာ ကားသမား လူငယ်တစ်ဦး ပစ်သတ်ခံရပါတယ်။
2023-03-31
စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဖိအားပေးတောင်းဆိုခဲ့ပါတယ်။
2023-03-31
မိုးညှင်း NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို ထောင် ၁၁ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ သူ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
2023-03-31
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် မဆုသွန်းပိုင်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်သုံးနှစ် ချမှတ်လိုက်ပါတယ်။
2023-03-31
ထီးချိုင့်မြို့နယ်၊ အလယ်တောရွာမှာ ၄၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် မနန်းရတီဦးနဲ့ သူ့ရဲ့မိခင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မမိငယ်တို့ သေဆုံးသွားပါတယ်။
2023-03-30
၂၀၂၃ ခုနှစ် တပ်မတော်နေ့မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကို တိုင်းရင်းသားအဖွဲ့တွေက ပြတ်ပြတ်သားသား တုံ့ပြန်ပါတယ်။
2023-03-30
ပျော်ရွှင်ရတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ တင်ခွင့်ရှိပေမယ့် နိုင်ငံအနှံ့ရှိနေတဲ့ အိုးပစ်အိမ်ပစ်ရသူတွေ၊ သေကွဲရှင်ကွဲ ကွဲကွာရသူတွေ၊ ရွာတွေမီးရှို့ခံနေရတာတွေကို ကိုယ်ချင်းစာစိတ်နဲ့ မိမိအပျော်ကို လူထုကို မတင်ပြဘဲ တိတ်တိတ်လေးပျော်ဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။