သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-03
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်ဖို့အတွက် မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရအနေနဲ့ အဆင်သင့်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောလိုက်ပါတယ်။
2022-07-03
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အကြမ်းဖက်နေတာတွေ ရပ်အောင်မလုပ်ဆောင်တဲ့အတွက် အာဆီယံ အရပ်ဘက် ၂၁ ဖွဲ့က ထိုင်းအစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ လူသားချင်းစာနာမှု အကူအညီတွေ နယ်စပ်ဖြတ်ပြီးပေးမယ့် ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2022-07-03
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အချက်တွေ ပါဝင်တဲ့ အကြုံပြုချက်ကို ရခိုင့်ဦးဆောင်ပါတီ (AFP) က အာဆီယံအထူးကိုယ်စားလှယ်ထံ ဇူလိုင် ၂ ရက်နေ့က အကြံပြုခဲ့တယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက RFA ကို ပြောပါတယ်။
2022-07-03
မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၃ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်မှာ ရွာထဲက နေအိမ်ငါးလုံးနဲ့ လက်လုပ်ရေနံတွင်းတွေကို မီးရှို့ခဲ့ပါတယ်။
2022-07-03
ပြည်ပကို တင်ပို့နေတဲ့ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေအတွက် ရောင်းချငွေတွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေကြဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဇွန် ၃၀ ရက်နေ့မှာ အကြောင်းကြားလာတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
2022-07-03
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းနဲ့အတူ ပြီးခဲတဲ့ ဇွန်လ ၂၂ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ ပါတီဝင်နှစ်ဦးရဲ့ အလောင်းတွေကို ဇူလိုင်လ ၂ ရက် မနေ့က ပြန်တွေ့ခဲ့ပါတယ်။
2022-07-03
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နဲ့ မုန်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရွာပေါင်း ၅၀ နီးပါးက ဒေသခံ ၃၀၀၀၀ ခန့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
2022-07-03
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဉ်းထောင်က လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ထောင်အရာရှိဖြစ်သူ ဇော်ဇော်အောင်ဆိုသူက လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့တယ်လို့ လိင်စိတ်ခံယူမှု ကွဲပြားသူများကွန်ရက်က ပြောပါတယ်။
2022-07-02
"ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် အာဆီယံရဲ့ ကြိုးပမ်းမှုတစ်ခုတည်းနဲ့ မလုံလောက်တော့ဘဲ နိုင်ငံတကာက ဝင်ပါမှ ရတော့မယ်လို့ ရှုမြင်ပါတယ်။"
2022-07-02
“သမီးတို့မှာ နေစရာ မရှိတော့ပါဘူး။ ကျောင်းမတက်ရတာလည်း ကြာပါပြီ။ စာမတတ်မှာလည်း ကြောက်ပါတယ်။ ကျောင်းလည်း နေချင်ပါတယ်။ သမီးတို့ အိမ်ပြန်မဆောက်နိုင်မှာလည်း ကြောက်ပါတယ်။ သေရမှာလည်း ကြောက်ပါတယ်။”
2022-07-02
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကလေးငါးသန်း အကူအညီတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ UNICEF က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2022-07-02
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ KNU တပ်မဟာ (၆) နယ်မြေထဲမှာ ဇူလိုင်လ ၁ ရက် မနေ့ညပိုင်း လေယာဉ်နဲ့ အပစ်ခံရတာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ခြောက်ဦး ဒဏ်ရာရခဲ့သလို ဒီနေ့ နေ့လယ်ပိုင်းမှာလည်း သုံးဦးထပ်မံဒဏ်ရာရခဲ့တယ်လို့ အဲဒီဒေသမှာရှိနေတဲ့ Cobra စစ်ကြောင်းက ပြောပါတယ်။
2022-07-02
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အပါအဝင် မဲခေါင်ဒေသခြောက်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်မယ့် လျန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံဒေသမှာ စတင်ကျင်းပနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-02
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကံကြီး၊ ညောင်ကုန်းနဲ့ မကျည်းဂွရွာတွေအပြင် အနီးနားတစ်ဝိုက်က ရွာတွေထဲကို ဇူလိုင်လ ၂ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-02
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာ-ဝမ်ပေါင် တရုတ်ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ချက်ဟာ မြေပြင်အခြေနေတွေနဲ့ ကွဲလွဲနေသလို ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတာကို လက်မခံဘူးလို့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုအဖွဲ့ ၁၇ ဖွဲ့က ဇူလိုင်လ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။