သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-02
မြန်မာရေတပ်နဲ့ တရုတ်ရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ဆောင်ရွက်ခဲ့ပါတယ်။
2023-12-02
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2023-12-02
ဖမ်းဆီးခံရတဲ့ ရွာသားအားလုံးကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သိရကြောင်း ဒေသခံတွေက ဆိုပါတယ်။
2023-12-02
ထီးချိုင့်မြို့မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီးနောက် မြို့ပေါ်နဲ့ မြို့အနီးအနားက ရွာတွေကနေ ထွက်ပြေးခဲ့ရတဲ့ ဒေသခံငါးသောင်းကျော် အခုထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
2023-12-02
တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေရှိတဲ့အပြင် မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ဝေးတဲ့ ရပ်ကွက်တချို့က ဒေသခံတွေလည်း တိုက်ပွဲကြား ပိတ်မိနေတယ်လို့ ပြောပါတယ်။
2023-12-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ညက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-02
ဘူးသီးတောင်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁ ရက်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပြီး မြို့ခံလေးဦး ဖမ်းဆီးခံလိုက်ရပါတယ်။
2023-12-02
ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။
2023-12-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ သီပေါ- လားရှိုး ပြည်ထောင်စုလမ်းမပေါ်က စဉ့်အင်တံတား သုံးလို့မရအောင် ကျိုးကျပျက်စီးသွားခဲ့တယ်လို့ သီပေါနဲ့ လားရှိုးဒေသခံတွေက ပြောပါတယ်။
2023-12-01
ထိုင်းနိုင်ငံကို နှစ်နိုင်ငံသဘောတူစာချုပ် (MOU)နဲ့ လာတဲ့ မြန်မာအလုပ်သမားမိသားစုတစ်စု စာချုပ်ပါအတိုင်း အလုပ်မရဘဲ အလုပ်အကြိမ်ကြိမ်ပြောင်း လုပ်ကိုင်နေရသလို အလုပ်ရှင်ရဲ့ လုပ်ခလစာ ခေါင်းပုံဖြတ်တာတွေကိုလည်းကြုံနေရပါတယ်။
2023-12-01
၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ရှမ်းပြည်နယ်က မြို့နယ်ငါးခုအပြင် မြို့တချို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်လေးခုကို သိမ်းပိုက်ထားနိုင်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2023-12-01
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က NUG အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ Nikkei Asia သတင်းဌာနကို ပြောဆိုခဲ့ခြင်း မရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် တုံ့ပြန်လိုက်ပါတယ်။
2023-12-01
စစ်ကောင်စီ လက်အောက်ခံစစ်တပ်တွေ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ဆက်လက်ကာကွယ်မနေတော့ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားအဖွဲ့တွေ ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကို အခြေခံပြီး ဆွေးနွေးထားပါတယ်။
2023-12-01
ကယားပြည်နယ်(ကရင်နီပြည်) လွိုင်ကော်မြို့ က စစ်ကောင်စီတပ်စခန်း ခလရ - ၅၄ တပ်စွဲထားတဲ့ လက်နက်ခဲယမ်းတိုက်ကို Loikaw PDF နဲ့ Falcon Wings တို့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2023-12-01
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် မြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁ ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။