သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-05
RFA အဖွဲ့သား ဦးသစ်ဆင်း အပတ်စဉ် တင်ပြနေတဲ့ “ပြည်ပသတင်းမီဒီယာတွေက ပြောတဲ့ မြန်မာပြည်” အစီအစဉ် ဖြစ်ပါတယ်။
2023-02-05
ပြင်ပဆောင်းပါးရှင် မောင်သံဒိုးရဲ့ " ဟဟ ပါပဲ " အစီအစဉ်ဖြစ်ပါတယ်။
2023-02-05
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အယုံအကြည်မရှိဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဖေဖော်ဝါရီလ ၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။
2023-02-05
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဝါရီကောခူရွာမှာ ဖေဖော်ဝါရီလ ၄ ရက်ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-05
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ကျေးရွာနှစ်ဆယ်နီးပါးနဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ်က ကျေးရွာ ၁၄ ရွာက အရပ်သား နှစ်သောင်းကျော်ဟာ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-02-05
စစ်ကောင်စီက လက်ရှိနိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့ အားထုတ်နေတာဟာ သွေးထွက်သံယိုမှုပိုများတဲ့ ပဋိပက္ခကို ဦးတည်စေတယ်လို့ စစ်ကောင်စီရဲ့ဆွေးနွေးဘက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) က ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-02-05
မြန်မာနိုင်ငံကို ပုံမှန်အခြေအနေပြန်ရောက်စေချင်ရင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီက လုပ်ဆောင်နေတဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီဖြစ်ထွန်းရေး ကြိုးပမ်းမှုကို အသိအမှတ်ပြုဖို့လိုတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-02-04
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ဖေဖော်ဝါရီ ၄ရက်နေ့ မနေ့က ပြုလုပ်မယ့် မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့ အသံတိတ်လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပွဲကို အိန္ဒိယဗဟိုအစိုးရက ဖိအားပေးလို့ ဖျက်သိမ်းလိုက်ရပါတယ်။
2023-02-04
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းလက္ခဏာတွေ လုံးဝမရှိဘူးလို့ စစ်ရေးကျွမ်းကျင်သူ ဒေါ်မီမီဝင်းဘတ်က ပြောလိုက်ပါတယ်။
2023-02-04
မြန်မာ့နိုင်ငံရေးအကျပ်အတည်း ပြဿနာတွေကို အဆုံးသတ်ဖို့ အာဆီယံနဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အာဆီယံက တိုက်တွန်းလိုက်ပါတယ်။
2023-02-04
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ (၂၀) နီးပါးက အရပ်သားတစ်သောင်းကျော်ဟာ ဖေဖော်ဝါရီလ ၄ ရက်က ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-04
နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါဟာ ဖေဖော်ဝါရီလ ၄ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-04
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွေမှာ တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အရပ်သားနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2023-02-04
ဖက်ဒရယ်ဒီမိုကရေစီအတွက် စစ်ကောင်စီနဲ့ ဆက်ပြီးဆွေးနွေးမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (SSPP) က ဖေဖော်ဝါရီလ ၄ ရက်မှာ RFA ကို ပြောပါတယ်။
2023-02-04
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၂ ရက်ကနေ ဖေဖော်ဝါရီလ ၄ ရက်အထိ ကျေးရွာ ၁၄ ရွာက အရပ်သားတစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။