သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-01
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-01
RFA က ပြုစုထားတဲ့ စာရင်းအရ ဒီကာလအတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ကျည်ဆန်ထိမှန်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူသုံးထောင်နီးပါး သေဆုံးခဲ့ပါတယ်။
2023-02-01
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ ဒီနေ့ အချိန်နှစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။
2023-02-01
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က CB ဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်း ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ထန်တလန် (CDF) အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ဖမ်းဆီးခဲ့တယ်လို့ CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
2023-02-01
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က အသက် ၂၃ နှစ်အရွယ် မစိုးရတနာဦးကို ဇန်နဝါရီ ၃၀ ရက်နေ့က အသံတိတ် သပိတ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-01
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာမှာ အာဏာသိမ်းနှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-01
ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိန်းသိမ်းရေးစခန်း (IDC) မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ မြန်မာနိုင်ငံပြန်ရဖို့ ကြန့်ကြာနေတာကြောင့် ဇန်နဝါရီလ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
2023-02-01
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ အုံရွာမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ရင်း ခလရ (၂၇၄) ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ရွာဆေးခန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးသုံးဦးအပါအ၀င် လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-01
ပြည်သူတွေ နိုင်ငံရေးအခွင့်အရေးကို လွတ်လွတ်လပ်လပ်ကျင့်သုံးနိုင်တဲ့ အခြေအနေမရှိရင် ရွေးကောက်ပွဲဟာ မတည်ငြိမ်မှုတွေကို ပိုဆိုးရွားစေနိုင်တယ်လို့ အာဏာသိမ်းမှု နှစ်နှစ်ပြည့်အတွက် ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ stephane Dujarric က ဇန်ဝါရီလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-02-01
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်းနှစ်နှစ်အတွင်း ဒေသခံ ၄၃၀ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-02-01
စစ်တပ်ကအာဏာသိမ်းယူခဲ့တာ နှစ်နှစ်ပြည့်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့တွင်းက နေရာအချို့နဲ့ မြို့တော်ခန်းမရှေ့တစ်ဝိုက် မြင်တွေ့ရတာပါ။
2023-01-31
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတ္တုတွင်းလုပ်ငန်း၊ စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လက်ရှိ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ဟောင်းတွေကို အရေးယူဒဏ်ခတ်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
2023-01-31
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုအဆင့်မှာ NLD မဟုတ်တဲ့ တခြားပါတီကြီးတွေ ပေါ်လာမှာဖြစ်ပြီး ဖမ်းဆီးခံ ဦးကျော်မြင့်ဦးဆောင်ခဲ့တဲ့ နှင်းဆီပါတီက လူဦးရေသုံးသိန်းကျော်နဲ့ ပြန်လည်မှတ်ပုံတင်လာဖို့ရှိသလို တိုင်းရင်းသားပါတီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
2023-01-31
လာမယ့်ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပေမယ့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ တည်ငြိမ်ရေးက ဝေးကွာနေပါသေးကြောင်း The Globe and Mail သတင်းက ဖော်ပြပါတယ်။
2023-01-31
မြန်မာနိုင်ငံမှာ အကြောက်တရားနဲ့ ဖိနှိပ်မှုအောက်မှာ ရှိနေသရွေ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတစ်ဆင့် ဒီမိုကရေစီရေး ပြန်လည်ဖော်ဆောင်မယ် ဆိုတဲ့ ပြောဆိုချက်ဟာ ယုံကြည်စရာမရှိဘူးလို့လည်း ဆိုပါတယ်။