သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-22
ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။
2023-01-22
ပြင်ပဆောင်းပါးရှင် မောင်သံဒိုးရဲ့ " ဟဟ ပါပဲ " အစီအစဉ်ဖြစ်ပါတယ်။
2023-01-22
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လယ်မှီးရွာက ဒေသခံ အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-22
ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်တဲ့အတွက် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ရွာငါးရွာက အရပ်သား ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-01-22
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဇန်နဝါရီလ ၂၁ ရက်မှာ အင်းမရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-22
မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရွာက ဆေးခန်းကို စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးရုံလူနာစောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-22
မြန်မာပြည်သူတွေဆီ အာဏာပြန်အပ်နိုင်ရေး တရုတ်နိုင်ငံရဲ့ ရပ်တည်မှုကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလ ၂၂ ရက် ထုတ်ပြန်တဲ့ တရုတ်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
2023-01-21
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းကြဖို့ ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ပန်ကြားလိုက်ပါတယ်။
2023-01-21
လက်ရှိတော်လှန်ရေးလှုပ်ရှားမှုတွေ အောင်မြင်မှုရဖို့ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့အရေးသုံးသပ်သူ ဦးရဲမျိုးဟိန်းက ပြောပါတယ်။
2023-01-21
NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၁ ရက် ည ၁ဝ နာရီမှာ စတင်ရောင်းချတဲ့ ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို မြန်မာပြည်သူတွေဆီက ကြိုတင်ဝယ်ယူမယ့် အမှာစာတွေ ရခဲ့ပြီးပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က RFA ကို ပြောကြားပါတယ်။
2023-01-21
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ မယ်စလောင်းစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၀ ရက်မှာ တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2023-01-21
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းစစ်ဦးစီချုပ်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-21
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆူးလေကုန်းရွာကို ဇန်နဝါရီလ ၂၀ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးပြီး သံဃာတစ်ပါးနဲ့ နောက်ထပ်အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-21
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ခလယ်လွီခရိုင်မှာ ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ၁၅ ရက်အထိ တိုက်ပွဲ ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ KNU က ဇန်နဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-01-20
မြန်မာအာဏာသိမ်း စစ်ကောင်စီကို ပြည်ပနိုင်ငံစီးပွားရေး လုပ်ငန်းကုမ္ပဏီ တစ်ဒါဇင်လောက်က တိတ်တဆိတ် ကူညီထောက်ပံ့ပေးနေကြရာမှာ အများစုက အနောက်နိုင်ငံတွေရဲ့ လက်နက်ကုမ္ပဏီတွေဖြစ်ကြောင်း အသစ်ထုတ်ပြန်လိုက်တဲ့ သုတေသနတွေ့ရှိချက်တစ်ရပ်က ဖော်ပြပါတယ်။ မြန်မာအပေါ် နိုင်ငံတကာက လက်နက်ပိတ်ဆို့ထားပေမဲ့ လက်နက်ထုတ်လုပ်ရောင်းချရေးလုပ်ငန်းက ရပ်တန့်မသွားဘဲ နည်းမျိုးစုံနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။