သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-16
ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းက လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် စိုးစဉ်းမျှ သံသယဝင် အမြင်စောင်းလို့ မရဘူးလို့ NUG ဝန်ကြီးချုပ်ကပြောပါတယ်။
2023-03-16
မြန်မာပြည်တွင်း ပဋိပက္ခတွေပြေလည်ဖို့ တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်တာကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။
2023-03-16
ဒီအလောင်းသုံးလောင်းဟာ သုံးရက်လောက်ရှိပြီလို့ ရဲတွေက ယူဆနေကြပြီး အလောင်းကို ဟတ်ရိုင်ဆေးရုံကို ပို့ပြီး စစ်ဆေးချက်ယူနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက ပြောပါတယ်။
2023-03-16
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ထောက်ပံ့ပေးနေတဲ့ နှစ်စဉ်ထောက်ပံ့ကြေးကို ၈၂ ရာခိုင်နှုန်းဖြတ်တောက်လိုက်ပါတယ်။
2023-03-16
အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာပါလီမန်များညီလာခံမှာ (CRPH) က တင်ပြလိုက်ပါတယ်။
2023-03-16
အင်ဒိုနီးရှား၊ အခြားအာဆီယံ နိုင်ငံတွေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး အကောင်အထည်ဖော်အောင် တွန်းအားပေးသွားမယ်လို့ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောလိုက်ပါတယ်။
2023-03-16
ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီက ပျူစောထီးလို့လူသိများတဲ့ ပြည်သူ့စစ်ကို တိုးချဲ့ဖွဲ့စည်းဖို့ လိုက်လံစည်းရုံးနေပါတယ်။
2023-03-16
နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးတို့ရဲ့ အဂတိငါးမှုအတွက် အယူခံတင်ပြထားမှုကို ပယ်ချလိုက်တယ်လို့ ပြောပါတယ်။
2023-03-16
ဖားကန့်မြို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အမှုထမ်းတွေ အပါအဝင် အရပ်သား ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ပိုများလာပါတယ်။
2023-03-16
ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာက ဒေသခံ ၁၁ ဦးမှာ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ (KNDF) က ပြောပါတယ်။
2023-03-16
Golden Eagle ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် တပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-16
ကော်သူးလေတပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် နယ်ဒါးမြ အပါအဝင် ကော်သူးလေတပ်ဖွဲ့ဝင် နှစ်ဦးကို ထိုင်းနိုင်ငံသားနှစ်ဦး ဖမ်းဆီးတဲ့အမှုနဲ့ ကန်ချနဘူရီနဲ့ တပ်ခရိုင်တွေမှာဖမ်းဖို့ ထိုင်းစစ်တပ်က ညွှန်ကြားတယ်ဆိုပြီး Salween Press သတင်းမှာ ဖော်ပြချက်ကို RFA က မေးမြန်းစဉ်မှာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ငြင်းဆိုပါတယ်။
2023-03-15
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ မရှိဘဲ နိုင်ငံတကာရဲ့ထောက်ခံမှုရဖို့ ဟန်ပြလာတွေ့တာလို့ ဝေဖန်ကြပါတယ်။
2023-03-15
သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသား ၄၈၂ ယောက်၊ အမျိုးသမီး ၇၈ ယောက် ပါဝင်ပြီး ကျန်တဲ့သူ ၂ဝ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကတော့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။
2023-03-15
ရခိုင်ပြည်နယ်တွင်းက တရုတ်ရဲ့ အခြေခံအဆောက်အအုံတွေဟာလည်း ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိနေတာပါ။