သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-04
သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထား တဲ့ ပြဌာန်းချက်တွေ ပါဝင်တယ်ဆိုပြီး စာနယ်ဇင်းသမား အများစုကန့်ကွက်နေကြတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုလိုက်ပါတယ်။
2013-07-04
ဇူလိုင် ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်း မျက်နှာဖုံးပါ Buddhist Terror ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ TIME မဂ္ဂဇင်း အဆောက်အဦရှေ့မှာ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေ နဲ့ မြန်မာနိုင်ငံသားတွေ မနေ့မွန်းလွဲပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2013-07-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခုရက်ပိုင်း အတွင်း လွှတ်တော်နဲ့ အစိုးရအကြား အပြန်အလှန် ရေးသား ပြောဆိုနေကြတာတွေဟာ ဒီမိုကရေစီနိုင်ငံတခုမှာ အုပ်ချုပ်ရေး မဏ္ဏိုင် နဲ့ ဥပဒေပြု မဏ္ဏိုင်တွေ အပြန်အလှန် ထိန်းသိမ်းတဲ့ လက္ခဏာမျှဖြစ်ပြီး စိုးရိမ် ပူပန်စရာ ပြဿနာတစ်ရပ် မဟုတ်ပါဖူးလို့ RFA ကို ပြောဆိုလိုက်ပါတယ်။
2013-07-04
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကတည်းက ဖြစ်တည်ခဲ့တဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်တဲ့အတွက် ချက်ချင်းလက်ငင်း ပြေလည်အောင်ဆောင်ရွက်ဖို့အခက်အခဲရှိတယ်လို့ ပြည်ပအခြေစိုက် ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင်ခေမာစာရက မိန့်ကြားပါတယ်။
2013-07-03
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရှေ့မြောက်ဘက် Ukay Perdana အရပ်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ မနေ့မနက်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံက အလုပ် သမား ၃ ယောက် သေဆုံးပြီး၊ တစ်ယောက်က ခြေထောက် ကျိုးသွားတယ်လို့ မလေးရှားနိုင်ငံအခြေစိုက် ဘနားမား သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
2013-07-03
ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းမျိုးနွယ် စုတွေရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးစတဲ့ အရေးကိစ္စတွေ အားလုံးအတွက် တာဝန်ယူ ဖြေရှင်းပြောဆိုနိုင်ဖို့အတွက် ဒီကနေ့ မြစ်ကြီး နားမြို့၊ ဝန်းသိုကျောင်းတိုက်မှာ ကိုယ်စားလှယ် ၁၅ ဦး ပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။
2013-07-03
ရခိုင်ပြည်နယ်အတွင်းမှာ အုပ်စုနှစ်ခု အကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းဆောင်ရွက် သင့်တယ်ဆိုတာကို နယူးဇီလန်နိုင်ငံအနေနဲ့ အလေးအနက် ထား စဉ်းစားသွားမယ့်အပြင် လိုအပ်တာတွေလည်း မြန်မာ အစိုးရကို ကူညီပေးသွားမယ်လို့ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး Murray McCully က ဒီကနေ့ပြောကြား လိုက်ပါတယ်။
2013-07-03
ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်းမှာရှိတဲ့ UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်က စခန်းတစ်ခုကို အစိုးရတပ်ဖက်က ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ရာမှာ UWSA ဖက်က ဆုတ်ပေးခြင်းမရှိတဲ့အတွက် အစိုးရတပ်တွေ UWSA စခန်းကို ဝိုင်းထားပြီး စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေတယ်လို့ နယ်စပ်သတင်းတွေအရ သိရပါတယ်။
2013-07-03
မြန်မာနိုင်ငံမှာ လူငယ်ထုကြားထဲ အလုပ်လက်မဲ့ဦးရေများနေတဲ့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ မြန်မာနိုင် ငံ လူငယ်များအစည်းအရုံးက သမ္မတ ဦးသိန်းစိန်ထံ မနေ့က စာရေးသားတင်ပြလိုက်ပါတယ်။
2013-07-03
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်တဲ့ဥပဒေ အမြန်ဆုံးပြဌာန်းဖို့ အပါအဝင် အချက်လေးချက်ပါ တောင်သူလယ်သမားအခွင့် အရေးဥပဒေဆိုင်ရာ အကြံပြုချက်ကို ၈၈ မျိုးဆက်ကျောင်း သားတွေက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2013-07-03
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရာဇူတိုင်ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ က တောင်သူ ၇ ဦးကို သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ထွန်ယက်စိုက်ပျိုးလို့ ဆိုပြီး မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းက ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2013-07-03
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ပွားရအောင် ကာကွယ်တားဆီးတဲ့ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပတာအပြင် သံဃာ ၁၅ ပါး ဆွမ်းကပ်ပွဲကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ဗလီမှာ ဒီကနေ့မနက်က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2013-07-03
၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကနေစပြီး ၂၅ နှစ်အတွင်းမှာ စွန့်လွှတ်အနစ်နာခံရ သူတွေ၊ ပေးဆပ်သွားရသူတွေကို အသိအမှတ်ပြုဖို့ Canadian Friends of Burma ခေါ် ကနေဒါ-မြန်မာ့ မိတ်ဆွေများအဖွဲ့က ဆောင်ရွက်သွားမယ်လို့ အဖွဲ့ရဲ့တာဝန်ခံ ကိုတင်မောင်ထူးကပြောပါတယ်။
2013-07-03
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမည်ပျက် စာရင်းသွင်း ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
2013-07-03
OIC ခေါ် အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံက မွတ်စ လင်တွေရဲ့လက်ရှိပြဿနာတွေ ပြေလည်အောင်ဖြေ ရှင်းပေးရေးအတွက် အသင့်ရှိနေပြီဖြစ်ကြောင်း ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။