သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-13
ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပေါ်ထွက်လာဖို့ မြန်မာအစိုးရကို တိုက်တွန်းနေဆဲမှာပဲ မြန်မာနိုင်ငံမှာ ကနေဒါသံရုံး ဖွင့်လှစ်တော့မယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က မနေ့က ထုတ်ဖော်ပြောပါတယ်။
2012-07-13
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂဝန်ထမ်း (၁၀) ယောက်ထဲက အနည်းဆုံး (၃) ယောက်ကို မြန်မာ အာဏာပိုင်တွေက တရားစွဲဆိုလိုက်ကြောင်း ကုလသမဂ္ဂက မနေ့က ပြောလိုက်ပါတယ်။
2012-07-13
မနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ သဘောထား တင်းမာသူ မူဆလင် အဖွဲ့ဝင်တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2012-07-13
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နှစ်ဦးဟာ အာဆီယံအသင်းရဲ့ စီးပွားရေးဆိုင်ရာ ညီလာခံ ကျင်းပနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်းရိ(ပ်) (Siem Reap) မြို့မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
2012-07-13
အမေရိကန် ပြည်ထောင်စုက ရီပတ်ပလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း (John McCain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမန်း (Joe Lieberman) တို့က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူမှုတချို့ လျှော့ပေးတာကို ကြိုဆိုလိုက်ပေမယ့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ လုပ်ငန်းလုပ်မယ့် ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
2012-07-13
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ လွှတ်တော်နဲ့ ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့် နည်းလမ်းဖြင့်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆိုအဖြစ် ကြားဖြတ် တင်သွင်းခဲ့ပါတယ်။
2012-07-13
ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လယ်သမား (၇) ဦးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ပစ္စည်းစက်ရုံ ကပစ (၃) စစ်တပ်က ဒီကနေ့ မနက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
2012-07-13
ရန်ကုန်တိုင်း အင်းစိန် မီးရထားစက်ခေါင်း စက်ရုံ အလုပ်သမား (၆၀) ကျော် စုပေါင်းပြီး မီးရထားအခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။
2012-07-13
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် လားရှိုးမြို့က အဖွဲ့ဝင်တွေရဲ့ မိဘတွေကို SB ရဲထောက်လှမ်းရေးက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး သားသမီးတွေကို ဗကသ အဖွဲ့ချုပ်ကနေ နှုတ်ထွက်အောင် ဖိအားပေးနေတယ်လို့ သတင်းရရှိပါတယ်။
2012-07-12
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တာဝန်ယူ ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး Mr. Antonio Guterres က ပယ်ချလိုက်ပါတယ်။
2012-07-12
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2012-07-12
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လက်ရှိ မြန်မာနိုင်ငံရဲ့ မီဒီယာ ပြောင်းလဲခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ မီဒီယာသမားတွေနဲ့ မြန်မာ့ မီဒီယာအကြောင်း စိတ်ဝင်စားသူတွေဟာ မနေ့ နေ့လည်ပိုင်းက ချင်းမိုင် တက္ကသိုလ်မှာ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
2012-07-12
တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း မြန်မာအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2012-07-12
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ မနက်ဖြန်တွေ့ဆုံမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
2012-07-12
အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချ ပေးလိုက်တာကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံ ကြိုဆိုကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။