သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-12
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော် နာယကရဲ့ အကြောင်းကြားချက်အရ လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့က အမည်စာရင်း တင်သွင်း ထားတဲ့ပုဂ္ဂိုလ်ကို အရည်အချင်း စိစစ်ဖို့အတွက် "နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ အရည်အချင်း ပြည့်မီမှု ရှိမရှိ စိစစ်ရေးအဖွဲ့" ကိုဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။
2012-07-12
အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သတင်းကို စာပေစိစစ်ရေး ခွင့်ပြုချက်မရှိဘဲ ဖော်ပြခဲ့တဲ့အတွက် ရန်ကုန်တိုင်းမ်စ် ဂျာနယ်နဲ့ ဗီးနပ်စ် သတင်းဂျာနယ် နှစ်စောင်ကို စာပေစိစစ်ရေးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။
2012-07-12
လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီး (၉) ဦးရဲ့ မူရင်း အုတ်ဂူတွေကို ငုံပြီး ဒီဇိုင်းအသစ်နဲ့ ပြန်လည် တည်ဆောက်ထားတဲ့ လက်ရှိ အာဇာနည် ဗိမာန်ကို ပိုမို သက်ဝင်လာစေဖို့ ဂုဏ်ပြုတဲ့အနေနဲ့ မွမ်းမံစရာတွေ ရှိနေသေးကြောင်း အာဇာနည် ဗိမာန်ကို တည်ဆောက်ဖို့ ဒီဇိုင်းဆွဲခဲ့ကြတဲ့ ဗိသုကာ အဖွဲ့ခေါင်းဆောင် ဦးဆန်းဦးက RFA ကို ပြောဆိုပါတယ်။
2012-07-11
မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။
2012-07-11
NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီရဲ့ ပဲခူးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌလည်းဖြစ် ဗဟိုဦးစီး အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးအောင်မျိုးဝင်း အပါအဝင် ပဲခူးမြို့ပေါ် က NDF ပါတီဝင် အင်အား ၁၀၀ ခန့်ဟာ NDF ပါတီကို ဒီလ စောစောပိုင်းမှာ နှုတ်ထွက်စာ တင်ခဲ့ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အဖွဲ့ဝင်အဖြစ် လျှောက်လွှာပေးဖို့စီစဉ်နေပြီလို့သိရပါတယ်။
2012-07-11
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အပေါ် လွှတ်တော်နှစ်ရပ်က ဆုံးဖြတ်အတည်ပြုပြီးရင် အစိုးရ အနေနဲ့ လာမယ့် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဥပဒေသစ်အတိုင်း ကျင့်သုံးဆောင်ရွက်တော့မယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဌာန ဒုတိယ ဝန်ကြီး ဦးကံဇော်က ပြောကြားလိုက်ပါတယ် ။
2012-07-11
အမေရိကန် လုပ်ငန်းကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဘရက် အိုဘားမားက ဇူလိုင်လ (၁၁ ) ရက် ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-07-11
အာဏာပိုင်တွေက စိုက်ပျိုးခွင့် ပိတ်ပင်တားမြစ်ထားတဲ့ လယ်တွေမှာ ထွန်ယက်စိုက်ပျိုးတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က လယ်သမားတွေကို ဒီနေ့ ဆက်စိုက်ပျိုးရင် ဖမ်းဆီးအရေးယူမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-07-11
ဗြိတိန်နိုင်ငံ ကုန်သည်များနဲ့ ရင်းနှီးမြှုပ်နှံမှု အသင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ညက နေပြည်တော်မှာ ဝင်စတန်ချာချီဆု ချီးမြှင့်လိုက်ပါတယ်။
2012-07-11
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်များများ ရှိနေဆဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ၂၀၁၁ ခုနှစ်အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။
2012-07-11
ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပေးအပ်ခဲ့ကြပါတယ်။
2012-07-11
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် အတွင်းမှာရှိတဲ့ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ မိတ္ထီလာစတဲ့ လေးမြို့နယ်အတွင်း လယ်ယာမြေ သိမ်းယူခံထားရတဲ့ လယ်သမားတွေက သူတို့ရဲ့ လယ်မြေတွေပေါ်မှာ ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေးအတွက် လှုပ်ရှားမှုတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2012-07-11
ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ AUN က ဒီကနေ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ရှင်းလင်းပြော ဆိုကြောင်း သိရပါတယ်။
2012-07-11
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် Derek Mitchell ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
2012-07-10
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လစ်လျူမရှုသင့်ကြောင်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုပါတယ်။