သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-07
မန္တလေးမြို့ အထက်ဗမာပြည် ဗကသက ကျောင်းသား (၈) ဦး အဖမ်းဆီးခံနေရစဉ် အတောအတွင်းမှာပဲ ကျန်ရှိနေတဲ့ ဗကသ ကျောင်းသားတွေက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၂) လမ်းမှာရှိတဲ့ မြဝတီမင်းကြီး ကျောင်းတိုက်မှာ ဒီကနေ့ ကျရောက်တဲ့ အနှစ် (၅၀) မြောက် ဇူလိုင် (၇) ရက် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
2012-07-07
နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-07-07
မိမိ စွဲကိုင်ထားတဲ့ ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ရှင်သန်လှုပ်ရှားရင်း တွေ့ကြုံလာတဲ့ အခက်အခဲ၊ ဘေးဒုက္ခတွေကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်တွန်းလှန်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေး၊ အမြင်၊ အယူအဆတွေကို ဒေါ်ခင်ခင်အိက တင်ပြထားတာ ဖြစ်ပါတယ်။
2012-07-06
သမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရတဲ့ ဇူလိုင်လ ၇ ရက်နေ့ seven july အခမ်းအနား မတိုင်မီ မနေ့က ဗကသ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၈၈ မျိုးဆက် ရုံးခန်းတွေကို ဝင်ရောက်ရှာဖွေတာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်နေချိန်မှာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေက မနေ့ ညပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
2012-07-06
ဇူလိုင်လ ၇ ရက် စနေနေ့မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဆဲဗင်း ဇူလိုင်နေ့ အခမ်းအနားတွေ မကျင်းပဖို့ အာဏာပိုင်တွေရဲ့ တားမြစ်ခံရပြီးတဲ့နောက် သောကြာနေ့ ညမှာ ရန်ကုန် မန္တလေးနဲ့ နယ်တချို့က ဗကသများ အဖွဲ့ချုပ် ဖြစ်ထွန်းရေးကော်မတီ ခေါင်းဆောင်တချို့ကို သက်ဆိုင်ရာ တိုင်း၊ မြို့နယ် ရဲအထူး သတင်းတပ်ဖွဲ့ဝင်က လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2012-07-06
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းမှာ ဒီကနေ့ မနက်မှာ ကျင်းပမဲ့ ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနားအတွက် ရပ်ဝေးက ကြိုတင်ရောက်ရှိနေတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ရှိနေချိန်မှာ ဒေသအာဏာပိုင်တွေက ကျောင်းကို ဝိုင်းပိတ်ထားလိုက်ပြီး တချို့ကို အာဏာပိုင်တွေ ခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါတယ်။
2012-07-06
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး ရခိုင်လူထု အေးအေးချမ်းချမ်း နေထိုင်နိုင်ရေးအတွက် မနေ့က ရသေ့တောင်မြို့မှာ မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာတော်တွေရဲ့ အစည်းအဝေး ကျင်းပခဲ့ပါတယ်။
2012-07-06
အိမ်ခြံမြေ ဈေးကွက် ဖွံ့ဖြိုးရေးအတွက် အဓိက ကူညီဆောင်ရွက်မယ့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကို အစိုးရက မနေ့က တရားဝင် ဖွဲ့စည်း ထူထောင်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။
2012-07-06
နှစ် (၅၀) ပြည့် ဇူလိုင် (၇) အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကို နေရာ အသီးသီးမှာ ပိတ်ပင် ခံထားရပေမယ့် ရန်ကုန်မြို့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အဲဒီရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသား ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြား ပါတယ်။
2012-07-06
အကျဉ်းထောင် အသီးသီးက ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၂ ယောက်ကို ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ကုသိုလ်ဖြစ် သုခဆေးခန်းမှာ ဒီနေ့ အထွေထွေ ကျန်းမာရေး စစ်ဆေးပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-07-06
ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လက်ရှိအစိုးရ အနေနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကိုလည်း ဆွေးနွေးသင့်တဲ့ အကြောင်းနဲ့၊ လွပ်လပ်ရေး ကြိုးပမ်းမှုမှာ ပါခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြည်တွင်းကို ပြန်လည် ဖိတ်ခေါ်သင့်တဲ့အကြောင်း ပြည်သူ့ရဲဘော်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဟောင်း ကိုးကိုးကျွန်းပြန် ဦးမျိုးထွဋ်က သမ္မတ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒီနေ့ ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။
2012-07-05
ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ချ် မြန်မာနယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ် အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားအမြင်တွေကို သိနိုင်ဖို့အတွက် ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2012-07-05
လွန်ခဲ့နှစ်ပေါင်း (၅၀) ကျော်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကြွချီပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေတွေ သာသနာပြု သင်ကြားပေးနေတဲ့ သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါ ရှိပြီဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရ ဝပ်ထာ့မအို ကျောင်းတိုက် လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒဟာ မနေ့ မနက်က လန်ပန်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူသွားပါတယ်။
2012-07-05
စက်မှုဇုန် အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အလုပ်သမားရေး ဆောင်ရွက်သူတွေ လှိုင်သာယာမြို့က ကနောင်မင်းသားကြီး ခန်းမမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။
2012-07-05
OIC ခေါ် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကူညီပါရန် တိုက်တွန်းလိုက်ပါတယ်။