သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-05
အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရပါတယ်။
2012-07-05
ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် မျိုးဆက် ၃ ဆက် ကျောင်းသားတွေ ဒီနေ့ ရန်ကုန်မြို့က M3 စားသောက်ဆိုင်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2012-07-04
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာ ဇရပ်အိုင် ဒေသခံတွေရဲ့ ရွှေလုပ်ကွက်ကို ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးလိုက်လို့ ဒီကိစ္စ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ ဒေသခံတွေက ပြည်နယ် ဝန်ကြီးချုပ်ဆီ တနင်္လာနေ့က အသနားခံစာ တင်လိုက်ပါတယ်။
2012-07-04
မြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေ နယ်မြေ မအေးချမ်းမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကချင်ပြည်နယ်ထဲ အတင်းအဓမ္မ ပြန်ခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့ တရုတ်နယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။
2012-07-04
ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
2012-07-04
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
2012-07-04
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုခွဲခံခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ နှစ် ၅၀ ပြည့် အခမ်းအနားကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
2012-07-04
နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-07-04
စင်ပြိုင် အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့ ရန်ကုန်မြို့မှာ သွားရောက်တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ဒေသတွင်း အခြေအနေတွေ ဆွေးနွေးပြောဆိုကြတယ်လို့ သတင်းရရှိပါတယ်။
2012-07-03
ကမ္ဘာကျော် ဟောင်ကောင် ကွန်ဖူးအက်ရှင်မင်းသား၊ ကုလသမဂ္ဂ နှလုံးလှသံတမန် ဂျက်ကီချန်းဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် အခုသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်ပြီး ကလေးသူငယ်များ လူကုန်ကူးခံရမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုပ်ငန်းကို ကူညီသွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန် လိုက်ပါတယ်။
2012-07-03
စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ ချင်းတောင်ကို တက်လာတဲ့ ကားတွေကို တီးတိန်မြို့နယ် ခိုင်ကမ်းကျေးရွာ Toll Gate လို့ခေါ်တဲ့ လမ်းတံတား အသုံးပြုခ ပေးဆောင်ရတဲ့ဂိတ်မှာ တာဝန်ကျသူတွေက မမှန်မကန် အခွန်ငွေ ကောက်ခံနေကြတာကြောင့် ချင်းပြည်နယ် ဝန်ကြီးချုပ် အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တီးတိန် မြို့မိ မြို့ဖတွေက မနေ့က စာရေးသား တိုင်ကြား လိုက်တယ်လို့ သိရပါတယ်။
2012-07-03
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအားလုံး ဖယ်ရှားနိုင်ရေးအတွက် အခုလို ယာယီ ဆိုင်းငံ့ထားချိန်မှာ သက်ဆိုင်သူတွေက အောင်မြင်အောင် ဆောင်ရွက်ပြသနိုင်ဖို့ လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-07-03
မြန်မာအစိုးရက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်တဲ့ မြန်မာနိုင်ငံသား အကျဉ်းသား (၄၆) ဦးထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၀) ကျော် ပါဝင်ကြောင်း သိရပါတယ်။
2012-07-03
သရက်ထောင်မှာ နှစ်ရှည် အကျဉ်းကျနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်တဲ့ ဦးသန်းဇော်ဟာ ဒီကနေ့ မနက်ပိုင်းက လွတ်မြောက် လာပြီဖြစ်ပါတယ်။
2012-07-02
၈၈ မျိုးဆက် နိုင်ငံရေး အင်အားစု တစ်ခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ပြည်တွင်း) ပြန်လည် စုစည်းရေး ကော်မတီကို ယခင် ပါတီဝင်ဟောင်းတွေနဲ့ မနေ့က ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိပါတယ်။