သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-31
စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု မြို့ကြီးတွေမှာ မြန်မာတွေက သပိတ်မှောက်ဆန့်ကျင်နေကြပါတယ်။
2010-10-31
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်တွေ၊ သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ ပြည်နယ်နဲ့တိုင်း အသီးသီးက မဲရုံတွေကို သွားရောက် လေ့လာနိုင်ဖို့ စစ်အစိုးရက စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။
2010-10-31
စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာနည်းတူ သြစတြေလျ နိုင်ငံအနေနဲ့ အထူး သံသယ ဖြစ်မိကြောင်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဒီကနေ့ ပြောလိုက်ပါတယ်။
2010-10-31
မကြာခင်က ရေကြီးတဲ့ဒဏ် ခံခဲ့ရတဲ့ မန္တလေးမြို့က NLD အဖွဲ့ဝင်တွေကို NLD ခေါင်းဆောင်ပိုင်းက ဒီကနေ့ တွေ့ဆုံအားပေးပြီး ငွေကြး ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
2010-10-31
အာရှခရီးစဉ် တစိတ်တပိုင်းအဖြစ် တရုတ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မနေ့ညနေက တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက ရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူက ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
2010-10-31
အောက်တိုဘာ ၃၁ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်း မှာ ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့အတူ “နိုင်ငံသားတိုင်း လွတ်လပ်စွာ မဲပေးခွင့်ရှိသလို မဲ မပေးဘဲလည်း နေပိုင်ခွင့် ရှိတယ်” စာသားပါ လက်ကမ်းစာစောင် တွေ ဖြန့်ဝေတဲ့ NLD အဖွဲ့ဝင်တွေကို အာဏာပိုင်တွေ က လိုက်လံနှောင့်ယှက်ခဲ့တယ်လို့ သိရပါတယ်။
2010-10-31
ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲ အတွက် အထက်ဗမာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်း တက်ရောက်နေတဲ့ ဝန်ထမ်းတွေဆီက ကြိုတင်မဲ ကောက်ခံနေရာမှာ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် မဲပေးခွင့် မရှိဘူးလို့ သိရပါတယ်။
2010-10-31
စစ်အစိုးရ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ အနေနဲ့ အမေရိကန်နိုင်ငံ ပြည်နယ် အတော်များများမှာ နေထိုင်ကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တရာကျော် လောက် စနေနေ့က ဝါရှင်တန်ဒီစီ မြို့တော် မြန်မာစစ်အစိုးရ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2010-10-31
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ထိပ်သီးညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ် ဝေဖန် ဖိအားပေးကြတဲ့ သတင်းတွေကို အခြေခံပြီး ဆွေးနွေးထားကြပါတယ်။
2010-10-30
ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသား ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေနဲ့ ရွေးကောက်ပွဲလွန် ကာလမှာ ဘယ်လို ဆက်ဖြစ်လာနိုင်သလဲဆိုတာကို တိုင်းရင်းသားတွေရဲ့ အတွေ့အကြုံ အမြင်တွေနဲ့ ယှဉ်တွဲတင်ပြထားပါတယ်။
2010-10-30
မြန်မာစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ ဘန်းပြထားတဲ့ အာဏာရှင်စနစ် Competitive Authoritarianism ကို အစပြုလိုက်တာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လှည့်ဖြားထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ကျော်လွှားသိမြင်ဖို့ ဝတ္တရားရှိတယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Burma Independence Advocates အဖွဲ့က အစီရင်ခံစာတစောင် မနေ့က ထုတ်ပြန်ပါတယ်။
2010-10-30
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူတွေကို ငွေပေး စည်းရုံးနေသလို သူတို့ ပါတီကို မဲမထည့်မနေရ ဆိုပြီး ခြိမ်းခြောက် စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2010-10-30
စင်္ကာပူနိုင်ငံ ဟွန်လင်း ပန်းခြံမှာရှိတဲ့ Speakers’ Corner မှာ စင်ကာပူ အတိုက်အခံပါတီက ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း ကန့်ကွက်ပွဲတခု ကျင်းပခဲ့ပါတယ်။
2010-10-30
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာ့အရေး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံလိုက်တဲ့ အတွက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
2010-10-30
မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယုံကြည် ကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပ ပြီးစီးသွားတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နယူးဇီလန် ဝန်ကြီးချုပ် John Key က ဒီကနေ့ ပြောလိုက်ပါတယ်။