သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-24
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဆိုတဲ့ အချက်ကို ဘုံသဘောတူညီချက်တစ်ရပ်အဖြစ် လက်ခံထားပြီး ဖြစ်တဲ့အကြောင်းနဲ့ စစ်တပ်သာလျှင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညဉ်ကို လက်မခံတဲ့ အဖွဲ့အစည်းဖြစ်နေတဲ့အကြောင်း ဦးမိုးဇော်ဦးက ပြောပါတယ်။
2023-03-24
အဲဒီရဲကင်းစခန်းကို မတ် ၂၄ ရက် မနက် ခုနှစ်နာရီကျော်မှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲနဲ့ ပျူစောထီး ၁၅ ယောက်လောက် လက်နက်တွေနဲ့ စခန်းကိုထားပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ NLA ပြောခွင့်ရှိသူ ကိုသျှောင်တစောင်းက ပြောပါတယ်။
2023-03-24
ပြည်သူ့ပါတီ (PP) ဟာ မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်လိုက်ပါတယ်။ ပါတီရပ်တည်ရှင်သန်ရေးအတွက် မှတ်ပုံတင်တာဖြစ်တယ်လို့ PP ပါတီရဲ့အတွင်းရေးမှူး (၂) ဦးကျော်လင်းက ပြောပါတယ်။
2023-03-24
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းလိုက်ချိန်ကစပြီး မြန်မာစစ်တပ်ဟာ ကိုယ့်အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကျူးလွန်နေဆဲဖြစ်ပြီး၊ လေကြောင်းကနေ ဗုံးကြဲချနေတယ်လို့လည်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။
2023-03-24
ဒီတစ်ပတ်မှာတော့ စစ်ကောင်စီရေးဆွဲလိုက်တဲ့ ဥပဒေအရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို မျိုးဆက်သုံးဆက်ရဲ့ သုံးသပ်ချက်ဆွေးနွေးချက်တွေ ထုတ်လွှင့်မှာပါ။
2023-03-24
မလေးရှားကိုသွားမယ့် ရိုဟင်ဂျာ ၁၅၀ နီးပါးကို မွန်ပြည်နယ် သံဖြူဇရပ်မှာ စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။
2023-03-24
အင်းစိန်မြို့နယ် ရွာမအလယ်ရပ်ကွက် အင်းစိန်အကျဉ်းထောင် အနောက်ဘက်ဂိတ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
2023-03-24
စစ်ကောင်စီက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတဲ့ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ကလေးတွေမှာ ဗိုက်အောင့်ဗိုက်နာနဲ့ အရေပြားကူးစက်ရောဂါ ဖြစ်နေပါတယ်။
2023-03-24
ကန်ပက်လက်မြို့နယ်က ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီး လသားအရွယ်ကလေး သုံးဦးသေဆုံးသွားပါတယ်။
2023-03-24
မတ္တရာမြို့နယ် တံတားဖြူနဲ့ ကျောက်တံတားကျေးရွာမှာ ရုပ်အလောင်းသုံးလောင်းတွေ့ခဲ့ရတယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။
2023-03-24
ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်မှာ ဒေသခံအမျိုးသား နှစ်ဦးသတ်ဖြတ်ခံရပြီး အသက် ၆၀ အရွယ် ကျောင်းထိုင်စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်မှာ မတ်လ ၂၃ ရက် မနေ့က ဒေသခံအမျိုးသား နှစ်ဦးသတ်ဖြတ်ခံရပြီး အသက် ၆၀ အရွယ် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ဘုန်းကြီး တစ်ပါးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
2023-03-24
ရခိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရပ်တည်ရေးခက်ခဲလာတာကြောင့် နေမြေသစ်ရှာဖို့ ဘဝကိုစွန့်စားသွားလာနေကြတဲ့ ရိုဟင်ဂျာ အများအပြား ရှိပါတယ်။
2023-03-24
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်သူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀ နီးပါး အသက်ဆုံးခဲ့ပါတယ်။
2023-03-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် ကျေးရွာ ၁၅ ရွာ၊ မြေကွက် ၇၅၀ စီစဉ်ထားကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
2023-03-24
ဘောလခဲမြို့နယ် ဝမ်ဗလရွာအနီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ငါဦးဒဏ်ရာရခဲ့ပါတယ်။