သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-31
ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရှစ်ဦးကို ပုသိမ်အကျဉ်းထောင် အထူးတရားရုံးကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ထောင် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
2023-01-31
မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်က ရွာသုံးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီလ ၃၀ ရက် မနေ့က ဆက်တိုက်ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် ရွာသား တစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-31
ကရင်ပြည်နယ်၊ သံတောင်မြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ရပ်ကွက်တွေအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် (၁၃) မိုင်မှာရှိတဲ့ ဒေသခံ ရှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သံတောင်မြို့ခံတွေက ပြောပါတယ်။
2023-01-31
၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ (၆၂၁) ကြိမ်နဲ့ ၂၀၂၂ ခုနှစ်မှာ (၅၀၄) ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
2023-01-30
မြန်မာ့အရေးမှာ အာဆီယံအပြင် တရုတ်၊ အီးယူ၊ ကုလသမဂ္ဂ စတဲ့ နိုင်ငံနဲ့အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်ခဲ့ပေမယ့် အာဆီယံဟာ မြန်မာပြည်သူတွေက မျှော်လင့်ထားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အကြောင်း မစ္စတာ ဆိုင်ဖူဒင်က ပြောပါတယ်။
2023-01-30
မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရေးလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းတင်ရေးမှာ ကြေညာချက်တွေ၊ တိုက်တွန်းချက်တွေ ထုတ်ပြန်နေရုံနဲ့ မအောင်မြင်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။
2023-01-30
နိုင်ငံတကာတရားရုံးတွေမှာ စစ်ခေါင်းဆောင်တွေကို တရားစွဲတာတွေ များလာလေလေ၊ စစ်ခေါင်းဆောင်တွေအတွက် ပြေးစရာမြေနေရာ မရှိဖြစ်လာလေလေပဲလို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
2023-01-30
အဲ့ဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ မြန်မာတစ်နိုင်ငံလုံး ပြည်သူတွေ အိမ်ပြင် လမ်းမပေါ်မထွက်ကြဖို့ အိမ်ပြင်မထွက်ကြဖို့ ဒီမိုကရေစီအင်အားစုတွေက နှိုးဆော်နေပါတယ်။
2023-01-30
အာဆာ အဖွဲ့ဝင်နှစ်ယောက်ကို ဒေသတွင်းရုပ်သံတစ်ခုက မေးမြန်းတဲ့အခါ မြေအောက်လိုဏ်ခေါင်း ခုနစ်ခုရှိပြီး တစ်ခုကို အာဆာခေါင်းဆောင်၊ နောက်တစ်ခုကို ဒု-ခေါင်းဆောင်က သုံးပြီး ကျန်လိုဏ်ခေါင်းတွေကို လက်နက်လုပ်ဖို့နဲ့ တခြားကိစ္စတွေအတွက် သုံးတယ်လို့ ပြောပါတယ်။
2023-01-30
ကိုဗစ်ကပ်ရောဂါ မကျရောက်ခင်ကနဲ့ စစ်အာဏာမသိမ်းခင်ကာလကထက် မြန်မာ့စီးပွားရေးက ၁ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေဦးမယ်လို့လည်း ခန့်မှန်းပါတယ်။
2023-01-30
၂ဝ၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သတင်းထောက် လေးယောက်အသတ်ခံရပြီး ဒီထဲက နှစ်ယောက်ဟာ လူစဉ်တောင်မမှီအောင် အကြမ်းဖက် စစ်ဆေးမေးမြန်း၊ ရိုက်နှက်ခံရပြီး သေဆုံးရတယ်လို့ ဖော်ပြပါတယ်။
2023-01-30
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ဟောင်းနေရာ ပါဂျောင်ရွာအနီးက ရှအစ်ယန် (Sha-it Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေပါတယ်။
2023-01-30
အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နယ်မှာ မြန်မာစစ်ဘေးဒုက္ခသည် ၅၀ ခန့် ဇန်နဝါရီလ ၃၀ ရက်နေ့ ထပ်မံဖမ်းဆီးခံရသလို အိန္ဒိယနယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အခြား မြန်မာစစ်ဘေးဒုက္ခသည်တွေလည်း ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း လူပေါင်း ၈၀ ဖမ်းဆီးခံခဲ့ရတာကြောင့် အခုဆိုရင် အချိန်လေးရက်အတွင်း အဖမ်းခံရတဲ့ မြန်မာဒုက္ခသည် ၁၃၀ ခန့် ရှိလာပါတယ်။
2023-01-30
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးနေရာမှာ အမြစ်ပြတ်ချေမှုန်းရေးနဲ့ အပြုတ်တိုက်လမ်းစဉ်ကိုသာ စစ်တပ်နဲ့ အာဏာရှင်ဆန့်ကျင်သူ နှစ်ဖက်စလုံးက ကြိုးစားလာကြပါတယ်။
2023-01-30
မကွေးတိုင်း၊ မကွေးမြို့ပေါ်မှာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲ့တွေ ဖမ်းဆီးပြီး စစ်အာဏာသိမ်း နှစ်နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံးကျင်းမယ့် အသံတိတ်သပိတ် လှုပ်ရှားမှုနေ့မှာ လာရောက်ရွေးယူဖို့ ပြောထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။