သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-31
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူလူထု တရပ်လုံးနဲ့ တကမ္ဘာလုံးက မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံသူ အားလုံးကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောလိုက်ပါတယ်။
2010-12-31
ရန်ကုန်မြို့က ခေတ်မီ ဖိနပ်ဆိုင်ဖြစ်တဲ့ SHOE GALLERY က NLD မဖြူဖြူသင်းတို့ရဲ့ HIV/AIDS ဝေဒနာသည်တွေနဲ့ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံက ဝေဒနာသည်တွေကို လှူဒါန်းဖို့ ဈေးရောင်းပွဲတခုကို ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
2010-12-31
NLDပါတီ အထွေထွေအတွင်းရေးမှူးး ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုက်ကယ်မာတင် က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေး ပြောဆိုခဲ့ကြောင်း သိရပါတယ်။
2010-12-30
၂၀၁၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း ရေးသားထားတဲ့ စာရေး ဆရာမ Emma Larkin ရဲ့ အားလုံး ကျိုးပဲ့ ပျက်စီးသွားပြီလို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ Everything is Broken စာအုပ်ဟာ ထိပ်တန်း အကောင်းဆုံး ၄ အုပ်ထဲက တအုပ် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် ရစ်ချ်မွန်းမြို့မှာ ဒီကနေ့ ထုတ်တဲ့ ရစ်ချ်မွန်း (Richmond) သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
2010-12-30
တောင်ငူခရိုင် အတွင်းက ဖြူး မြို့နယ်၊ တောင်ငူ မြို့နယ်၊ ရေတာရှည် မြို့နယ်တွေက အဲန်အယ်လ်ဒီ လူငယ်တွေနဲ့ အတူ တခြား လူငယ်တွေဟာ တောင်ငူ မြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် နေအိမ်မှာ ဒီကနေ့ နေ့လည်က တွေ့ဆုံ ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီရဲ့ လက်ရှိ သဘောထားတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။
2010-12-30
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ခေါင်းဆောင် တချို့ကို ဒီကနေ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
2010-12-29
တရုတ်အစိုးရပိုင် တောင်ပိုင်းပြည်နယ်များ စွမ်းအင်ကုမ္ပဏီရဲ့ ယူနန်ပြည်နယ် လုပ်ငန်းခွဲဟာ ၂၀၁၀ ပြည့်နှစ် ပထမ ၁၁ လ အတွင်း မြန်မာနိုင်ငံက ရွှေလီ မြန်မာရေအား လျှပ်စစ်ဓာတ်အား စက်ရုံ အမှတ် ၁ ကနေ နာရီဝပ် သန်းပေါင်း ၃ ထရီလီယံ တင်သွင်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
2010-12-29
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က ကလေးစစ်သား ဖြစ်ခဲ့တဲ့ မောင်ချစ်စမ်းမောင် (ခေါ်) ဆနေဝင်းထွန်း ကို စစ်တပ် အရာရှိတွေက စစ်ပြေးမှုနဲ့ဖမ်းသွားပြီးတဲ့နောက် သေဆုံးသွားတဲ့ အတွက် ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြား ထားတယ်လို့သိရပါတယ်။
2010-12-29
ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ်မှာ အစားအစာ ရှားပါးမှု ကြုံတွေ့နေရတဲ့ မြို့နယ်တွေက ဒေသခံတွေကို အကူအညီပေးဖို့ ဆွေးနွေးခဲ့တဲ့ အတွက် ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကနေ ့အဲဒီဒေသတွေက အခြေအနေမှန်တွေကို တင်ပြနိုင်ဖ့ို စတင် စုံစမ်းနေပြီလို့သိရပါတယ်။
2010-12-29
ဇန္နဝါရီလ ၄ ရက်နေ့မှာ ကျင်းပမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုုပ်ရဲ့ လွတ်လပ်ရေးနေ့အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရံပုံငွေ ရှာဖွေပွဲ ကျင်းပပြုလုပ်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
2010-12-29
သဘာဝဘေးအန္တရာယ်ကြောင့် အတိ ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံက နာဂစ်နဲ့ ဂီရိ မုန်တိုင်းသင့် ပြည်သူတွေကို နှစ်သစ်မှာ ကူညီကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေက Appeal For The Cyclone Victims of Burma မြန်မာပြည်က မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီကြပါ ဆိုတဲ့ ပန်ကြားလွှာ ထုတ်ပြန်ပြီး စေတနာရှင် တသီးပုဂ္ဂလတွေ၊ အသင်းအဖွဲ့တွေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးကို တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။
2010-12-28
ဓါတ်ပုံသတင်းထောက် ကိုစည်သူဇေယျ ကို ဒီလ ၂၁ ရက်နေ့က ထောင်ဒါဏ် ၈ နှစ် ချမှတ် ခဲ့တာနဲ့ ပတ်သက်လို့ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့ RSF နဲ့ မြန်မာ သတင်းသမဂ္ဂ BMA တို့က ဒီကနေ့ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ပြီး မြန်မာစစ် အစိုးရကို ရှုတ်ချ လိုက်ပါတယ်။
2010-12-28
ပါတီရပ်တည်ရေးအတွက် အခြားပါတီတွေ စီးပွားရေးလုပ်ငန်းတွေ ထူထောင်လုပ်ကိုင်ဖို့ ဆောင်ရွက်နေချိန်မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီအနေနဲ့ လောလောဆယ်မှာ စီးပွားရေး လုပ်ငန်း အသစ်တွေ တိုးချဲ့လုပ်ကိုင် မှာ မဟုတ်ဘူးလို့ သိရပါတယ်။
2010-12-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းနဲ့ ပြည်နယ် အသီးသီးက NLD အဖွဲ့ဝင် မဟုတ်တဲ့ လူငယ် နှစ်ရာကျော်နဲ့ ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ သတင်း ရရှိပါတယ်။
2010-12-28
ဒီသတင်းနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာ ဒုက္ခသည် အဖြစ် ခိုလှုံနေထိုင်ခွင့်ရထားတဲ့ မြန်မာ ကျောင်းသား တပ်မတော် ABSDF အဖွဲ့ဝင်ဟောင်းတွေဆီကို ဒေသဆိုင်ရာ လူထု အထောက်အကူပြု အဖွဲ့အစည်းက တဆင့် ဒီဇင်ဘာလ (၂၂) ရက်မှာ အကြောင်းကြားခဲ့တယ်လို့ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်က အာအက်ဖ်အေကို ပြောပါတယ်။