သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-31
လွှတ်တော် အသီးသီးက လစ်လပ်နေ တဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွက် ၂ဝ၁၂ ခု ဧပြီလ ၁ ရက်၊ တနင်္ဂနွေနေ့ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ မယ့်အကြောင်းနဲ့ ကိုယ်စားလှယ်လောင်းအမည်ကို ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၆ ရက်ကနေ ၃၁ ရက်နေ့အထိ တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်ပါတယ်။
2011-12-31
ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်စင်တာမှာ ဒီကနေ့ ညနေက ပြုလုပ်တဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2011-12-31
ရန်ကုန်မြို့ MCC မြန်မာကွန်ဗင်းရှင်း စင်တာမှာ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရတဲ့ ဝင်ငွေပမာဏကို စာရင်းမပိတ်ရသေးပေမယ့် အခုအချိန်အထိ မြန်မာ ကျပ်ငွေ ၂၁၅ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၅၅ဝ၊ ဂျပန်ယန်းငွေ ၁ သောင်း ရရှိထားပြီလို့ သိရပါတယ်။
2011-12-31
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မန်တုံမြို့နယ် အကြားမှာ ရှိတဲ့ ကေအိုင်အို တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) ကို အစိုးရတပ်တွေက ဒီဇင်ဘာလ ၂၅ နေ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကေအိုင်အိုက ဆုတ်ပေးလိုက်ရတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
2011-12-31
လွှတ်တော်မှာ လစ်လပ်နေတဲ့ ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကို ဧပြီလ ၁ ရက်မှာ ကျင်းပမယ်လို့ မြန်မာအစိုးရပိုင် သတင်းဌာနတွေက မနေ့ညက တရားဝင် ကြေညာခဲ့ပါတယ်။
2011-12-30
အင်းစိန်အကျဉ်းထောင်တွင်း အစာငတ် ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ညှဉ်းပန်း နှိပ်စက်ခံရတာနဲ့ ပတ်သက်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2011-12-30
ဒီကနေ့ မင်းဓမ္မကုန်း MCC မြန်မာ ကွန်ဗင်းရှင်းစင်တာ ဝင်းအတွင်းမှာ အင်န်အယ်လ်ဒီ ပါတီက ကြီးမှူးကျင်းပ တဲ့ တိုင်းရင်းသားဒေသတွေအတွက် ပညာရေးရန်ပုံငွေ စင်တင်တေးဂီတ ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွင်း ပညာအလင်းရောင်များ ပိုမိုရရှိအောင် စုပေါင်း ကြိုးပမ်းသွားဖို့ တိုက်တွန်းလိုက်ပါတယ်။
2011-12-30
မနေ့က မင်္ဂလာတောင်ညွန့်မှာ မီးလောင်ပေါက်ကွဲမှုကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြတဲ့ ဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လာရောက်တွေ့ဆုံပြီး လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းသွားပါတယ်။
2011-12-30
မြန်မာအစိုးရက ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် ဧပြီလ ၁ ရက်မှာ ကျင်းပမယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
2011-12-29
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဘီလျံနာ သူဌေးကြီး ဂျော့ဂျ် ဆိုးရော့စ် (George Soros) ဟာ ဇန်နဝါရီလ ၂ ရက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2011-12-29
မြန်မာအစိုးရဟာ လာမယ့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ နောက်ထပ် လွှတ်ပေးဖွယ်ရှိတယ်လို့ ပြည်သူ့လွှတ်တော် အရာရှိတစ်ဦးက မနေ့က ပြောကြားလိုက်ပါတယ်။
2011-12-29
ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် လူမျိုးရေးပြသနာဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ အဲဒီဒေသတွေက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက်လေ့လာပြီး ကူညီပေးနေတဲ့ Vision of Peace ငြိမ်းချမ်းရေးပုံရိပ်အဖွဲ့ ခေါင်းဆောင် ဒေါ်ဘောက်ဂျာက ပြောပါတယ်။
2011-12-29
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ နဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အင်ဒိုနီးရှားဝန်ကြီးက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးအတွက် စိတ်ဝင်တစား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-12-29
အင်းစိန်ထောင်ကိုသွားပြီး လေ့လာခဲ့ရာမှာ ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှု မတွေ့ရသလို အကျဉ်းသားတွေဟာ ကျန်းမာရေးကောင်းနေတာ တွေ့ရတယ်လို့ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က အာရ်အက်ဖ်အေနဲ့ ဆက်သွယ် မေးမြန်းချက်မှာ ပြောဆိုခဲ့ပါတယ်။
2011-12-29
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်တွေက အကျဉ်းကျနေသူ ၈၈ကျောင်းသားတွေရဲ့ အိမ်တွေကို ဒီကနေ့ မနက်ပိုင်းက သွားရောက်ပြီး မိသားစုဝင်တွေကို အားပေးစကား ပြောခဲ့ကြပါတယ်။