သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-31
ပြည်တွင်းလေ့လာရေး ခရီးစဉ် အဖြစ် ခေတ္တရောက်ရှိနေကြတဲ့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့နဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့ ဒီကနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2012-12-31
ကချင်ပြည်နယ်မှာ အခုရက်ပိုင်းတွေ အတွင်း ကေအိုင်အေနဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲတွေ အရှိန်ပြင်းထန်လာတဲ့အတွက် နှစ်ဖက်တပ်တွေ အကြား တိုက်ခိုက်မှုတွေရပ်စဲပေးဖို့၊ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆွေးနွေးဖို့ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့က ဒီဇင်ဘာလ ၃၁ရက်နေ့ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2012-12-31
ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ ၂၂၈နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ ရသ့တောင်၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော် စတဲ့မြို့တွေမှာ ကျင်းပခဲ့ပါတယ်။
2012-12-31
အခုတပတ် အစီအစဉ်မှာ ကုန်လွန်တော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတွေနဲ့ လာမည့် ၂ဝ၁၃ နှစ်မှာ မျှော်မှန်းစရာ ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြထားပါတယ်။
2012-12-30
တရုတ်လူမျိုးအလုပ်သမား ၃ဝဝ လောက် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ တရားမဝင်သစ်ခိုးထုတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2012-12-30
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းဝင် အမေရိကန်ဘီလျံနာ George Soros ဂျော့ဆိုးရော့စ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး က RFA ကို ပြောပါတယ်။
2012-12-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃ဝ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
2012-12-29
လက်ပန်းတောင်းတောင်အရေးကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုရောက်ရှိနေတဲ့ ဒဏ်ရာရ သံဃာတော်တွေနဲ့ ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့က သံဃာတော်တွေ ကို ဒီမိုကရေစီ အင်အားစုတွေက စုပေါင်းပြီး ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိတဲ့ မျက်နှာ၊ မေးရိုး၊ ခံတွင်းနဲ့ ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာနရှေ့မှာ နေ့လည်ဆွမ်း ဆက်ကပ် ခဲ့ကြပါတယ်။
2012-12-29
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု တစ်လပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့မနက်ပိုင်းက လက်ပန်းတောင်းတောင်ခြေ ဆည်တဲရွာနဲ့ လက်ပန်းတောင်းတောင်ကြားမှာ ဒေသခံရွာသားတွေနဲ့ သံဃာတော်တွေ စုပေါင်းပြီး မေတ္တာပို့ဆုတောင်း ခဲ့ကြပါတယ်။
2012-12-29
ကေအိုင်အိုရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းကစပြီး ခြေလျင်တပ်အင်အား အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
2012-12-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အခမဲ့ပညာဒါနကျောင်း များ ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ကနေ အလှူငွေစုစုပေါင်းငွေကျပ် သိန်း ၂၆၅၄ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
2012-12-29
ထိုင်းနိုင်ငံအခြေစိုက် DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးအခြေစိုက် အထက်ဗမာပြည်ပါတီဝင် စုစည်းရေးကော်မတီအဖွဲ့ နဲ့ ဒီနေ့နေ့လည်ပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်မှာ တွေ့ဆုံပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပါတီရပ်တည်ရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
2012-12-29
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ အရှိန်မြင့်တက်နေတာဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေယုံကြည်မှုပျက်စေတဲ့အတွက် စစ်ပွဲတွေရပ်စဲကြဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားလိုက်ပါတယ်။
2012-12-28
အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်ကျော်နေထိုင်ခဲ့ပြီး မြန်မာပြည် ကို အလည်အပတ် ရောက်ရှိလာတဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ ဘားလမ်းမှာရှိတဲ့ စီးတီးစတား ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2012-12-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့က တရုတ်သံရုံးနားအထိ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး ၊ မသန္တာတို့အပါအဝင် (၆) ဦးကို ကြည့်မြင်တိုင် နဲ့ အလုံမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ပထမအကြိမ် တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။