သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-30
အစိုးရဝန်ထမ်းတွေကို လစာတိုးပေးသင့် မသင့်ကို နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှာ မနေ့ကစတင်ပြီး စစ်တမ်းကောက် ယူနေပါတယ်။
2014-12-30
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က သတင်းမီဒီယာ သမားတွေနဲ့ တွေ့ ဆုံပြီး သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေ ကြားခဲ့ပါတယ်။
2014-12-29
ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အမှတ်တရ အခမ်းအနား ကို ဒေါ်ခင်ကြည်ရဲ့ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီ တိုင်း မြောင်းမြမြို့မှာ ၂ဝ၁၄ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2014-12-29
ကော့မှူးမြို့တည်ထောင်ခြင်း နှစ် ၅ဝ ပြည့် အခမ်အနားကို ၂ဝ၁၄ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကော့မှူးမြို့ အောင်ဇဗ္ဗူအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ကော့မှူးမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။
2014-12-29
လက်ပံတောင်း ပဋိပက္ခအတွင်း တောင်သူဒေါ်ခင်ဝင်း သေဆုံးပြီး ၂ဝ နီးပါး ဒဏ်ရာရရှိခဲ့တဲ့အပေါ် အစိုးရအနေနဲ့ တရားမျှတမှုရှိရှိ ဖြေရှင်းပေးဖို့အတွက် မန္တလေးမြို့မှာ ၂ဝ၁၄ ဒီဇင်ဘာလ ၂၇ ရက် စနေနေ့က ဆန္ဒပြခဲ့ ကြပါတယ်။
2014-12-29
၂ဝ၁၅ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့မှာ နေပြည်တော်မှာ ဗိုလ်ရှုခံ အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-12-29
ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ရန်ကုန်စည်ပင်သာယာရေး နယ်နမိတ်အတွင်းက မြို့နယ် ၃၃ မြို့နယ်မှာ ၂ဝ၁၄ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ပြီး အနိုင်ရသူစာရင်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2014-12-29
၂ဝ၁၄ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ တတိယအကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပတောကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-12-29
အသိမ်းခံထားရတဲ့ မြေယာတွေ ပြန်လည် ရရှိရေးအတွက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံတွေ ဟာ ဆည်တဲကျေးရွာမြောက်ဘက် ဝမ်ပေါင် စီမံကိန်း ဧရိယာ သံဆူးကြိုးဘေးမှာ မနေ့ညက သပိတ်စခန်းဖွင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
2014-12-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖြစ်ပွားနေ တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယန်ဖီး Mr. Dong Yunfei ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတဲ့ ပထမပိုင်းကို နားဆင်နိုင်ပါတယ်။
2014-12-29
အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ အပတ်စဉ်ထုတ် Tomorrow ဂျာနယ်က မန်နေးဂျင်း အယ်ဒီတာနဲ့ သတင်းထောက်တစ်ဦးကို တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးပြီး တစ်ဦးကို ငွေကျပ် သိန်း ၅၀ စီနဲ့ အာမခံပေးလိုက်ပါတယ်။
2014-12-29
တစ်နိုင်ငံလုံးက တက္ကသိုလ်အသီးသီး မှာကျင်းပမယ့် တက္ကသိုလ်ကျောင်းသား ယူနီယံ ရွေးကောက်ပွဲတွေကို တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ကန့်ကွက်ကြောင်း ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2014-12-29
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မနဲ့ တရားစွဲ ခံထားရတဲ့ အစ္စလာမ် ဘာသာဝင် ၂၀ ဦးအမှုကို လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်တင် ဖို့ တောင်ကြီးခရိုင် တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
2014-12-29
မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ လက်ပံတောင်းဒေသခံ တောင်သူအများစု စိတ်ကျေ နပ်အောင် ဆောင်ရွက်ပေးထားပေမဲ့ နောက်ကွယ် ကနေ စည်းရုံးသွေးထိုးပေးနေသူတွေကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရတာဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-12-29
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်ပြည်လုံးမှာ ရှိတဲ့အထဲက မြို့ပေါင်း ၃၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။