သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-01
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်၊ ထိယာလိကျေးရွာက လယ်သမား ၅ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်းက အသိမ်းခံထားရတဲ့ လယ်တွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့ မှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးကနေ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အကျိုးစီးပွား ဖျက်စီးမှု ပုဒ်မ ၄၂၇ တို့နဲ့ မနေ့က ထောင်ဒဏ် ၂လ ချမှတ်လိုက်ပါတယ်။
2014-01-01
ထိုင်းနိုင်ငံ လယောင်းမြို့မှာ မြန်မာ အလုပ်သမား ၂၀၀ နီးပါးလောက်နဲ့ ဒေသခံ ထိုင်းလူမျိုးတွေ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တဲ့နောက် အဲဒီအထဲက မြန်မာ အလုပ်သမား ၁၅၀ နီးပါးလောက်ကို လယောင်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
2014-01-01
ဒီကနေ့ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးပွဲတော် အခမ်းအနားကို KNU ကရင်အမျိုးသား အစည်းအရုံး၊ BGF ကရင်နယ်ခြားစောင့် တပ်ဖွဲ့၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီစတဲ့ ကရင် လက်နက်ကိုင် အဖွဲ့အစည်း သုံးခုပေါင်းပြီး ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုမြိုင်ဒေသမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
2014-01-01
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်ရာမှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ မွတ်စလင် အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်း ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား (၆) ဦးသေဆုံးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-01-01
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အကြံပြုချက်ပေါင်း သုံးသိန်း နှစ်သောင်း သုံးထောင်ကျော် လက်ခံရရှိထားတယ်လို့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2014-01-01
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီကနေ့ အင်းစိန်ထောင်က လွတ်မြောက်လာသူတွေ၊ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင်တွေကို မေးမြန်းပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-01-01
ဒီနှစ် ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာယဉ်ကျေးမှုပြခန်းတွေကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားမှာ ဒီနေ့ကစပြီး ဇန်နဝါရီလ ၂ ရက်နေ့ အထိ သုံးရက်ကြာ ပြသနေပါတယ်။ RFA သတင်းထောက် ကိုထွန်းမြင့် က တင်ပြထားပါတယ်။
2014-01-01
ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေး နယ်ပယ်က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အပါအဝင် နယ်ပယ်အသီးသီးမှာ စိတ်ဝင်စကား ပြောဆိုဆွေးနွေးခဲ့ကြပါ တယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2014-01-01
၂ဝ၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ပြန်ကြည့်တဲ့အခါမှာ လွှတ်တော်နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာသလို လွတ်လပ်စွာ ပြောဆိုခွင့်တွေလည်း ပိုရှိလာတဲ့အတွက် အားကောင်းတဲ့နှစ်လို့ ပြောရမှာဖြစ်ပေမယ့် အလုပ်လက်မဲ့ ပြဿနာနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းချက်တွေ ရှိနေတာကို တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-01-01
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေ့က ကျင်းပတဲ့ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေ ဟောပြော ပွဲ ငါးရက်မြောက်နေ့ မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ စာရေးဆရာမ ရွှေကူမေနှင်းတို့ ဟောပြောခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။