သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-29
ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီအဆင့်ဆင့်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရသူ ကိုယ်စား လှယ်လောင်း ၁၁၅ ဦးစာရင်းကို ဒီနေ့ မြို့တော်ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2014-12-29
ကချင်ပြည်နယ် ချီဖွေမြို့နယ် လဂွေကျေးရွာ ရဲ့အရှေ့မြောက်ဘက် ၄ မိုင်လောက်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံတပ်တွေနဲ့ မနေ့နေ့လယ်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2014-12-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ လယ်ယာမြေတွေ ထဲက လျော်ကြေးမယူထားတဲ့ ဆည်တဲရွာမြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဖြိုဖျက်ပြီး ဒီညအထိ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောပါတယ်။
2014-12-29
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် လောင်းလျာထားမှု စာရင်းတွေကို ပါတီဗဟိုဌာနချုပ်ဆီ တင်ပြထားပြီးဖြစ်ကာ လက်ရှိ လွှတ်တော်ကိုယ်စား လှယ်တွေကလည်း ပြန်လည် ဝင်ရောက်အရွေးခံကြမှာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင် ရန် ကုန်တိုင်း အတွင်းရေးမှုး ဦးသာဝင်းက ပြောပါတယ်။
2014-12-29
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ်ကုမ္ပဏီတစ်ခုက အကောင် အထည်ဖော်နေတဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃ ထောင်ကျော်လောက်က တောင် ကုတ်မြို့မှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-28
မြန်မာနိုင်ငံကို အလယ်ပိုင်းကနေဖြတ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ချိတ်ဆက် မယ့်လမ်း တစ်လမ်း ဖောက်လုပ်ဖို့ ဘဂ်လားဒေရှ်နိုင်ငံက အဆိုပြုတာကို တရုတ်နိုင်ငံက ထောက်ခံလိုက်ပါတယ်။
2014-12-28
ရန်ကုန် စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နော် လှလှစိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။
2014-12-28
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက် ပြီး ပေါ်ပေါက်နေတဲ့ ပြဿနာတွေကြောင့် ဒေသခံတွေ နစ်နာနေတဲ့အတွက် အမြန်ဆုံး တိတိကျကျ အဖြေရှာဖြေရှင်းဖို့ လိုနေပြီဆိုတဲ့ သုံးသပ်ချက်တွေ ကို မသင်းသီရိက တင်ပြမှာပါ။
2014-12-28
စနေနေ့ကကျင်းပပြီးစီးသွားခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင် သာ ယာရေးကော်မတီဝင် ရွေးကောက်ပွဲမှာ လွတ်လပ်တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုမရှိ တာတွေမြင်တွေ့ရသလို၊ မဲပေးခွင့်နဲ့ပတ်သက်ပြီး အားနည်းချက်တွေ အများအပြားတွေ့ရှိရကြောင်း မြို့တော် အဆင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်း သုံးဦးက ရန်ကုန်မြို့ Orchid Hotel မှာသတင်းစာရှင်းပွဲ ကျင်းပပြီး ပြောဆိုခဲ့ကြပါတယ်။
2014-12-28
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပတော့ကျေးရွာ မှာ တတိယအကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို ဒီနေ့ ကျင်းပခဲ့ရာမှာ ရေး မြို့နယ်မှာတည်ဆောက်မယ့် အံဒင်ကျောက်မီးသွေးလောင် စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်ကြဖို့ လက်မှတ်တွေ ကောက်ခံခဲ့ပါတယ်။
2014-12-28
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့အတွက် ဒေသခံ ၃၀၀ ဝန်းကျင် က ဒီနေ့ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
2014-12-28
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၆ နှစ်ပြည့် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒေါ်ခင် ကြည် ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့မှာ တနင်္ဂနွေနေ့က ကျင်းပရာမှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နာယက ဦးတင်ဦးတို့ တက်ရောက်ခဲ့ပါတယ်။
2014-12-28
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ ဒီနေ့ ကျင်းပတဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦးတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2014-12-28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ် ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်နေ တဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃ ထောင်လောက်က တောင်ကုတ်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-28
နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အမည်စာရင်းနဲ့ပတ်သက် ပြီး ပြဿနာတွေ ရှိခဲ့သလိုဆန္ဒမဲပေးချိန်မှာ မဲဆွယ် စည်းရုံးနေတာတွေ ရှိတဲ့အတွက် ကိုယ်စား လှယ်လောင်းအချင်းချင်း ဝေဖန်တာတွေ ရှိနေပါတယ်။