သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-27
အခုတစ်ပတ် ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က လက်ပံတောင်းတောင်ဒေသ မှာ ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေက ခြံစည်းရိုး အတင်းခတ်တာကို ကန့်ကွက်ဆန္ဒပြကြတဲ့ ဒေသ ခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရတဲ့ အဖြစ်ကို ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးရောဘတ် စန်းအောင်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-12-27
လက်ပံတောင်းတောင် ပဋိပက္ခမှာ သေဆုံးမှုအထိ ဖြစ်ခဲ့ရတာဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စတခုဖြစ်ကြောင်း၊ ဒီဖြစ်စဉ် အပေါ် လေ့လာ သုံးသပ်နေကြောင်း မြန်မာနိုင်ငံ အမျိူးသားလူ့အခွင့်ရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရက ပြောပါတယ်။
2014-12-27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တောင်သူ ဒေါ်ခင်ဝင်းရဲ့ မိသားစုကို တရုတ်ဝမ်ပေါင် ကုမ္ပဏီ က မြန်မာငွေ ကျပ်သိန်း ၂၀၀ ကူညီထောက်ပံ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2014-12-27
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ဘက်ကနေ တရုတ်ပြည်ကို တရားမဝင် သယ်ပို့မယ့် သစ်တန်ချိန် ၁၈ တန်နဲ့ ကား ၆ စီးကို မြစ်ကြီး နားမြို့အဝင်မှာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဆောင် ရွက်နေတယ်လို့ မြစ်ကြီးနားမြို့အမှတ် ၂ ရဲစခန်းမှူး က ပြောပါတယ်။
2014-12-27
လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြ သူတွေကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံရှေ့နေ များ ကွန်ရက်က ရှုတ်ချလိုက် ပြီး လက်ပံတောင်းတောင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော် မှုတွေကို ထောက်ခံကြောင်း သဘောထား ကြေညာချက် တစ်စောင်ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-12-27
ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် မြို့တော်စည်ပင်သာ ယာရေးကော်မတီ ရွေးကောက်ပွဲတွေကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2014-12-27
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့ ပဲခူးမြို့ရွှေမော်ဓေါဘုရား ကွင်းမှာ ကျင်းပမယ့် ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အကြို အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောမယ်လို့ ပါတီ ဗဟိုအလုပ်အမူဆောင်တစ်ဦးဖြစ်သူ ဦးစံဦး က ပြော ပါတယ်။
2014-12-27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ သေဆုံး ခဲ့သူ မိုးကြိုးပြင်အလယ်ရွာ က ဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရ သူတွေအတွက် တရားမျှတမှုရှိအောင် ဖြေရှင်းပေးဖို့ မန္တလေးမြို့မှာ ဒီကနေ့ သံဃာတော်တွေ အပါအဝင် လူပုဂ္ဂိုလ်တစ်ထောင်နီးပါး ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-12-27
အမျိုးသားပညာရေးဥပဒေကို အလို မရှိကြောင်း ကန့်ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က စတစ် ကာဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2014-12-27
ပြီးခဲ့တဲ့ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာ မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း မိုးကြိုးပြင်အလယ်ရွာ က ဒေါ်ခင်ဝင်း သေဆုံးခဲ့တာနဲ့ ကျေးရွာသားတွေ ဒဏ်ရာရခဲ့တာကို အစိုးရက တရားမျှတမှု ရှိအောင် ဖြေရှင်းပေးဖို့ မန္တလေးမြို့မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-27
ပထမဆုံးအကြိမ် ပြည်သူတွေက မဲပေးတဲ့စနစ်နဲ့ ရွေးချယ်တင်မြှောက်ခွင့်ရှိတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ဒီနေ့ ရန်ကုန်စည်ပင်သာယာရေး နယ်နမိတ်အတွင်းက မြို့နယ် ၃၃ မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
2014-12-27
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2014-12-27
လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင် သူဒေါ်ခင်ဝင်း သေဆုံးခဲ့မှုအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်နဲ့ ဒေသခံတွေအပေါ် အင်အား သုံးဖြေရှင်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ၂ဝ၁၄ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂက ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတားကနေ အင်းယား ကန်ဘောင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-12-27
ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် ဒေသခံတွေ ပါဝင်ကူညီဖို့လိုအပ်တယ်လို့ သမ္မတဦးသိန်းစိန်က ၂ဝ၁၄ ဒီဇင်ဘာလ ၂၆ ရက်နေ့က စစ်တွေမြို့မှာ ပြောကြားလိုက်ပါတယ်။
2014-12-27
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာနားက အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသား တွေ တရားမဝင် သစ်ခိုးထုတ်နေ တာကို အမြန်ဆုံးရပ်တန့်ဖို့ ဒေသခံရွာသားတွေ စုပေါင်းလက်မှတ်ထိုးပြီး ပြည်နယ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။