သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2014-12-26
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစံမံကိန်း မှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း (၅၇) နှစ် ဈာပနအခမ်းအနားကို ဒီနေ့ နေ့လည် ၂ နာရီမှာ ကျင်းပခဲ့ပါတယ်။ ဈာပနအခမ်းအနားကို ဆည်တည်း၊ ဇီးတောနဲ့ ကျောက်ဖြူတိုင်ကျေးရွာတွေ က ကျေးရွာသားတွေလည်း သွားရောက်ခဲ့ပါတယ်။
2014-12-25
နှစ်ပေါင်း ၆၅ နှစ် ကျော်ကြာ မကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ ရွေးကောက်ပွဲဟာ ချို့ယွင်းချက်တွေ ရှိနေပြီး၊ တရားမျှတမှု မရှိနိုင်ဘူးလို့ လေ့လာသူတွေက ဝေ ဖန်နေကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။
2014-12-25
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မှာ ဖော်ဆောင်နေတဲ့ စံပယ်တောင် -ကြေးစင်တောင် ကြေးနီစီမံကိန်းမှာ မြေယာတွေအသိမ်းခံရတဲ့ ရွာ ၁ဝ ရွာ မြေစာရင်းကို မြေစာရင်းဦးစီးဌာနက ရွာတွေ ကို ပေးပို့ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
2014-12-25
လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်ရေး စီမံကိန်းမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား ပဋိပက္ခနဲ့ တောင်အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံက တရုတ် Collum ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီနဲ့ ဇမ်ဘီယာနိုင်ငံသားတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် နှိုင်းယှဉ် တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။
2014-12-25
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစီမံကိန်း မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ တဲ့ ဒေါ်ခင်ဝင်း (၅၇နှစ်) ရဲ့ ရုပ်အလောင်း ကို ဒီနေ့ မိုးကြိုးပြင် သုသာန်မှာ ဂူသွင်း သြင်္ဂိုဟ်ခဲ့ပါတယ်။
2014-12-25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ လောက် ဟာ ရန်ကုန်မြို့က မြန်မာနိုင် ငံဆိုင်ရာ တရုတ်သံရုံးမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-12-25
နောက်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျင်းပ မယ့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့နဲ့ ဗိုလ်ရှုခံ အခမ်းအနားကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖဲ့ွက ခေါင်းဆောင်တွေကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
2014-12-25
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီ ခန်းမမှာ ကျောက်ဖြူ မြို့ခံတွေ၊ နိုင်ငံရေး ပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။
2014-12-25
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်မှာ သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို အာမခံမပေးပဲ အကျဉ်းချထားတဲ့အပေါ် ဝေဖန်တာတွေရှိနေပါတယ်။
2014-12-25
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာနားက အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသားတွေက တရားမဝင် သစ်ခိုးထုတ်နေကြတယ် လို့ဒေသခံရွာသားတွေကပြောပါတယ်။
2014-12-25
လက်ပံတောင်းတောင်ဒေသမှာ ၂ဝ၁၄ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပဋိပက္ခကြောင့် သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာက တောင်သူဒေါ်ခင်ဝင်း ဟာ သေနတ် ကျည်ဆန်ကြောင့် သေဆုံး တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့ဆေးရုံက မှုခင်းဆရာဝန်က အတည်ပြု ပြောလိုက်ပါတယ်။
2014-12-25
မကွေးတိုင်း ချောက်မြို့မှာ စည်ပင်ဌာနက ရေခွန်မီတာခငွေ တိုးမြှင့်ကောက်ခံတာကို မကျေနပ်တဲ့ အတွက် မြို့ခံတွေ ဒီဇင်ဘာလ(၂၄)ရက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-25
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ မန္တလေးတိုင်း အတွင်းမှာရှိတဲ့ ခရိုင် ၇ ခုက ပါတီဝင်တွေ၊ ဒေသခံတောင်သူတွေနဲ့ ဒီဇင်ဘာလ(၂၆)ရက် ဒီနေ့မနက်က တွေ့ဆုံခဲ့ပါတယ်။
2014-12-25
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။