သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-31
ကချင်ပြည်နယ် မိုးမောက်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ မနေ့က တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
2014-01-31
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာရဲ့ ဖြစ်စဉ်အမှန်ကိုသိရှိနိုင် ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ကစတင်ပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ ၄ ရက်ကြာ စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
2014-01-31
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ထုတ်ပြန်ထားတဲ့မူဝါဒဟာ ရှင်းလင်းပြတ်သားမှု မရှိတဲ့အတွက် ဗီဇာသက်တမ်းကုန်သွားတဲ့ မြန်မာအလုပ် သမားတွေ စတင်အဖမ်းခံနေရပြီလို့ ထိုင်းအလုပ်သမား အဖွဲ့တွေက ပြောပါတယ်။
2014-01-31
တစ်နိုင်ငံလုံးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး အများစုဟာ ပြည်သူ လူထုက စိတ်တိုင်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတေ ွမဟုတ်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ပြောလိုက်ပါတယ်။
2014-01-31
မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား ပိုမိုရင်းနှီးလာကြဖို့နဲ့ သဟဇာတဖြစ်တဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာရေး အတွက် ရည်ရွယ်ပြီး လူငယ် ၂၇ ယောက်ဟာ မန္တလေးမြို့ က ခရစ်ယန်ဘုရားကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။
2014-01-31
ရခိုင်ပြည်နယ်ကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂ အဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-01-31
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီက လက်ခံရရှိတဲ့ အကြံပြုချက် အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းရာမှာ အခြေခံဥပဒေထဲက ပုဒ်မတစ်ချို့ကို မပြင်ဆင်ဘဲ လက်ရှိအတိုင်းဆက်လက် ထားဖို့ လူပုဂ္ဂိုလ် တစ်သိန်းခြောက်ထောင်ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ခဲ့တယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2014-01-31
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Hugo Swire ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိသျှသံရုံး စာကြည့်တိုက်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ Mr. Hugo Swire ပြော သွားတဲ့အထဲက တချို့ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ကောက်နှုတ်တင်ပြထားပါတယ်။
2014-01-31
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်နေတဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2014-01-31
မတ္တရာမြို့နယ်မှာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က သမဝါယမဝန်ကြီးဌာနက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧက ၆ ရာကျော် ပြန်လည်ရရှိဖို့အတွက် ကျေးရွာ ၈ ရွာက မူလလယ်ပိုင်ရှင် တောင်သူတွေ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-01-31
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂရုံး သံအမတ်ကြီး Roland Kobia ဦးဆောင်တဲ့ EU သံတမန်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ စစ်တွေမြို့ အနောက်ဘက်မှာရှိတဲ့ သက်ကယ်ပြင်နဲ့ သဲချောင်း မွတ်စလင် ဒုက္ခသည်စခန်းတွေကို ဒီကနေ့ သွားရောက်ခဲ့ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-01-31
အခုတခါ RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-01-31
ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကို ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ပေးအပ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-30
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Ms.Judith Cefkin ဟာ မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
2014-01-30
ပဲခူးတိုင်း ပဲခူးမြို့နယ် သာယာကုန်းကျေး ရွာအုပ်စု ရွာ ၈ ရွာက လယ်သမားတွေ ရဲ့ မြေတွေကို CAD ခဲယမ်းမီးကျောက်တပ် နဲ့ လေတပ်ကသိမ်းထားပြီး အဲဒီမြေတွေ ကို ခြံစည်းရိုးခတ်နေတဲ့အတွက် လယ်သမားတွေနဲ့ပဋိ ပက္ခဖြစ်နေတယ်လို့သိရပါတယ်။