သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-31
စက်မှုဝန်ကြီးဟောင်း၊ လက်ရှိ ပြည့်သူ့ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက အထူးပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲမှာ ထည့်သွင်းလိုက်ကြောင်း အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး OFAC က မနေ့က ကြေညာလိုက် ပါတယ်။
2014-10-31
သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင် ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် ၁၄ ဦးရဲ့မနေ့က ဆွေးနွေးပွဲမတိုင်ခင် လေး ငါး နာရီအလိုမှာ အမေရိကန်သမ္မတအိုဘားမားက သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီတယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပါတယ်။
2014-10-31
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိတ်ကြားခဲ့တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အဲဒီ့အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-10-31
သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ထိပ်သီးနိုင်ငံရေး ခေါင်းဆောင် ၁၄ ဦး ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-10-31
နှစ်ပေါင်းများစွာ ထိုင်းမြန်မာနယ်စပ်မှာ ရပ်တည်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ အခုဆိုရင် တရားဝင် မှတ်ပုံတင်ကျပြီ ဖြစ်ပါတယ်။
2014-10-31
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ မျိုးစောင့်ဥပဒေ ပြဌာန်းရေးဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဇော်တူး တောင်တွင်းကြီးမြို့ကနေ သတင်းပေးပို့ထားပါတယ်။
2014-10-31
သောကြာနေ့တိုင်း ထုတ်လွှင့်တဲ့ မှတ်မှတ်သားသားစကားများ အစီစဉ်ကို ထုတ်လွှင့်ပါမယ်။ RFA အဖွဲ့သား ဦးကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-10-31
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ၈ ခရိုင်က အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-10-31
နိုင်ငံတော်သမ္မတက အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်ပြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ မနေ့က ညွှန်ကြားထားပါတယ်။
2014-10-31
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် (၁)မှာရှိနေတဲ့ မရမာကြီး တိုင်းရင်းသား ဒုက္ခသည်အိမ်ထောင်စု ၇၂ စုအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က လုံးချင်းနေအိမ်တွေဆောက်လုပ် ပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ ပြောပါတယ်။
2014-10-31
မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ မွတ်စလင်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ဘာသာကြီး ၄ ခုက ခေါင်းဆောင်တွေက မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွာမှာ ပြောကြား လိုက်ပါတယ်။
2014-10-31
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်း စုကြည်အပြင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင် ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဟာ နေပြည်တော် သမ္မတအိမ်တော်မှာ ဒီနေ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-10-30
မြန်မာနိုင်ငံတွင်းက ပြည်တွင်းပဋိ ပက္ခတွေကြောင့် နေရပ်စွန့်ထွက်ပြေးခဲ့ ကြရသူ ဒုက္ခသည်နှစ်သိန်းကျော်အတွက် ဆန်ပေးဝေမှု ငါးပုံတစ်ပုံ လျော့ချရတော့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFP က မနေ့က ပြော ပါတယ်။
2014-10-30
မြန်မာနိုင်ငံမှာ ဒီလအတွင်း အစိုးရကချပြ လိုက်တဲ့ မြေယာအသုံးချမှု မူဝါဒမူကြမ်း ဟာ နိုင်ငံတွင်းနဲ့ နိုင်ငံခြားက ကုမ္ပဏီ ကြီးတွေအတွက်သာ အကျိုးရှိမှာဖြစ်ပြီး၊ ပြည်တွင်းက သန်းနဲ့ချီတဲ့ ဆင်းရဲသား တောင်သူလယ်သမားတွေ အတွက် မြေယာဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
2014-10-30
အမေရိကန်သမ္မတ အိုဘားမားက မြန်မာ သမ္မတ ဦးသိန်းစိန်ကို အမေရိကန်-အာဆီယံထိပ်သီး ညီလာခံ တက်ရောက်ရန်အတွက် မြန်မာပြည်ကို သူလာရောက်မည့်အကြောင်းပြောကြားရင်း မြန်မာပြည် ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကို ဆွေးနွေးခဲ့ ကြပါတယ်။