သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-30
လာမယ့် နှစ်အတွင်း မြန်မာနိုင်ငံရဲ့လူ့ အခွင့်အရေးအခြေအနေတွေ တိုးတက် မလာဘူးဆိုရင် EU ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူ တာတွေ ပြန် လည် ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရက ဖိအားပေးသင့်ကြောင်း ဗြိတိန် ပါလီမန် နိုင်ငံခြားရေး ကော် မတီက တိုက်တွန်းခဲ့ပါတယ်။
2014-11-30
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၂ လနီးပါး ရပ်တန့်နေတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးကြဖို့ တိုက်တွန်းစာတစ်စောင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ စတင်ကျင်းပတဲ့ NCCT အစည်းအဝေးခေါင်းဆောင်တွေ ထံ မြန်မာနိုင်ငံက အရပ်ဖက်လူမှှုအဖွဲ့အစည်းတွေက သွာရောက်ပေးပို့ခဲ့ပါတယ်။
2014-11-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ကို မဲဆွယ် စည်းရုံးရေးဆိုင်ရာ သင်တန်းပို့ ချခဲ့တဲ့ အမေရိကန်နိုင်ငံ အခြေစိုက် International Republican Institute (IRI) ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က သတိပေး အကြောင်းကြား စာ ပေးပို့ခဲ့ပါတယ်။
2014-11-30
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြ ထားတယ်လို့ သိရပါတယ်။
2014-11-30
မြန်မာအစိုးရဟာ ရေအားလျှပ်စစ်စက်ရုံ၊ အပူရှိန်သုံး ဓါတ်အားပေးစက်ရုံနဲ့ တခြား စွမ်းအင်စက်ရုံစီမံကိန်းတွေ တည်ဆောက်ရေးအတွက် ဆားဘီးယား နိုင်ငံက ကုမ္ပဏီတွေကို ငှားရမ်းအကောင် အထည်ဖော်ဖို့ ဆန္ဒရှိနေတယ်လို့ ဆားဘီးယား စွမ်းအင်နဲ့ သတ္တုရေးရာ ဝန်ကြီး Aleksander Antic က ပြောကြားလိုက် ပါတယ်။
2014-11-30
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သုံးပွင့်ဆိုင် ဖိတ်ခေါ် ပြီး နော်ဝေနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပပေးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Borge Brende ဘော့ဂါ ဘရင်န်ဒါ ကို ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2014-11-30
မြန်မာနိုင်ငံကို မနက်ဖြန်ကစပြီး ဒီဇင်ဘာ လ ၅ ရက်နေ့အထိ ပထမဆုံးအကြိမ် လာရောက်လည်ပတ်မယ့် နော်ဝေဘုရင် ဟယ်ရယ်လ် Harald နဲ့ ဘုရင်မ ဆိုန်ယာ Sonja တို့ဟာ ခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ ဆုံသွားမယ်လို့ သိရပါတယ်။
2014-11-30
၂၀၁၆ ခုနှစ် လွှတ်တော်မှာ ဆွေးနွေးမယ့် ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း အတည်ပြုရေးအတွက် ၂၀၁၅ ခု အတွင်း ပြည်သူ ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းကို ရေးဆွဲရေးကိစ္စအပေါ် နားရှုတ်စရာ အခြေအနေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး တရားရုံးချုပ် ရှေ့နေဦးကိုနီ၊ မြန်မာ နိုင်ငံ ရှေ့နေများကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးသိန်းသန်းဦးနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေတို့ နဲ့ ဆက်သွယ်ပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2014-11-30
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီပြီးရှိနေပါသေး တယ်၊ အဲ့ဒီဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့ရော ဒုက္ခသည်တွေအနေနဲ့ ခဏတာပျော်ရွှင်နိုင်ရေး အတွက်ပါ ရည်ရွယ်ပြီး ဒီဖျော်ဖြေပွဲတွကို လက်ခံဆောင်ရွက်ပေးတာလို့ ဟာသသ ရုပ်ဆောင်တွေဖြစ်ကြတဲ့ ကိုဗေလုဝနဲ့ ကိုဒိန်းဒေါင် တို့က ပြောပါတယ်။
2014-11-30
NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် စာရေးဆရာထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်လုံးဆိုင်ရာ သံဃာတော် များက နိုဝင်ဘာလ ၂၉ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး သပိတ်မှောက်ကြတယ်လို့သိရ ပါတယ်။
2014-11-29
အမျိုးသားပညာရေးဥပဒေကို တောင်ငူမြို့ မှာ မနေ့က သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျောင်းသားခေါင်းဆောင် ၆ ဦးကို ခွင့်ပြုချက်မရှိပဲဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ရဲကအမှုဖွင့်လိုက်တယ် လို့ သိရပါတယ်။
2014-11-29
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUM ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံ ကိုရန်ကုန် တောင်ဒဂုံ မြို့နယ်ခန်း မမှာ ဒီနေ့ စတင်ကျင်းပနေ ပါတယ်။
2014-11-29
မန္တလေးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက်က အမျိုးသား ပညာရေးဥပဒေကို ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-29
သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုပွဲအခမ်း အနား ကို ဒီကနေ့ မန္တလေးမြို့ က တောင်လေး လုံးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
2014-11-29
တိုင်းလိုင် (ခေါ်) ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ ဒီနေ့ ရုံးခန်းဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါတယ်။