သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-31
လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ ကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဘတ်ငွေ ၁၅ဝ ဘီလျံ တိုးတက်လာအောက် ဆောင် ရွက်သွားကြမယ်လို့ TNA ထိုင်းသတင်းဌာနက ဖော်ပြ ပါတယ်။
2014-12-31
၂ဝ၁၅ နှစ်သစ်အကြိုညအတွက် လူငယ်တချို့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဖက်ဆစ်စနစ် ဆန့်ကျင်ရေးဖျော်ဖြေပွဲ တစ်ခု ကျင်းပခဲ့ကြပါတယ်။
2014-12-31
ဒီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ဖြစ် ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခ အတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင် အဖွဲ့ဝင် ၃ ဦး ဆားလင်းကြီးမြို့နယ်ကို ဒီနေ့ ရောက်ရှိလာ ပါတယ်။
2014-12-31
လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရေး မူဝါဒနဲ့ ပတ်သက်လို့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2014-12-31
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့နယ်ခွဲမှာရှိတဲ့ စင်ကြိုင် ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၂၉ ရက် ညသန်းခေါင်ချိန်ကနေ ၃၀ ရက်နေ့ မနက်အထိ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၈၀ ကျော် ပျက်စီးပြီး ဒုက္ခသည် ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
2014-12-31
ရခိုင်ပြည်နယ် အချုပ်အခြာကျဆုံးခဲ့ တဲ့ နှစ်ပေါင်း၂၃၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဟောပြော ပွဲတွေကို စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့မြို့ နယ်တွေမှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။
2014-12-31
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ်၊ အနော်ရထာစက်မှုဇုန်ထဲ က မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေမှာ ဝင်ရောက်နေထိုင်နေကြတဲ့ ကျူးကျော်တဲ ၈ဝဝ လောက်ကို အိမ်ယာဆောက်လုပ်နေတဲ့ ဝါဝါ၀င်းကုမ္ပဏီက စက်ယန္တ ရားတွေနဲ့ ဒီနေ့ ဝင်ရောက်ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။
2014-12-31
သာသနာညိုးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေ သကြီး၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင် လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးခဲ့ရာ တရားလိုပြ သက်သေတစ်ဦးဖြစ်တဲ့ သုံးပန်လှ စံပြကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2014-12-31
မြန်မာနိုင်ငံရဲ့ မြေယာမြေသိမ်းဆည်း မှု ပြဿနာတွေကို အစိုးရအပြင် လွှတ်တော် ကပါ တာဝန်ယူဖြေရှင်းပေးဖို့ လို အပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-12-31
၂၀၁၄ ခုနှစ်အတွင်း အထင်ကရဖြစ်တဲ့အထဲမှာ စစ်အစိုးရလက်ထက်ကတည်းက တပ်မတော် ဌာနဆိုင်ရာတွေက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧကပေါင်းများစွာကို ပြန်ပေးဖို့ လွှတ်တော်က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
2014-12-31
၂၀၁၄ ခုနှစ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖွဲ့စည်း ပုံ ပြင်ဆင်ရေးကို အဓိကထားပြီး ကြိုးပမ်းခဲ့တဲ့နှစ် လို့ ပြောရမှာ ဖြစ်ပါတယ်။
2014-12-31
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့က NLD ရုံးချုပ်မှာ သတင်းမီဒီယာတွေနဲ့ ၂ဝ၁၄ ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ တွေ့ဆုံပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေ ကို ဖြေကြားခဲ့ပါတယ်။
2014-12-31
ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ နော်အုန်းလှနဲ့ ဒေါ်စိန်ထွေးတို့ ဦးဆောင်တဲ့ ဆန္ဒပြသူ တရာကျော်ဟာလက်ပံတောင်းတောင်ဒေသမှာ ၂ဝ၁၄ ဒီဇင်ဘာလ ၂၂ ရက်နေ့ကရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့ လမ်းလျှောက်ဆန္ဒပြခဲ့ရာမှာ တရုတ်သံရုံးရှေ့မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တင်းမာမှု ဖြစ်ပွားခဲ့တာပါ။
2014-12-31
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့မှာ မြို့ဖွံ့ဖြိုးရေး အကြောင်းပြပြီး သိမ်းဆည်းထား တဲ့ လယ်ယာမြေတွေ ပြန်လည်ရ ရှိဖို့အတွက် မြေသိမ်းခံတောင်သူတွေ ၂ဝ၁၄ ဒီဇင်ဘာလ ၃ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-12-31
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ၂ဝ၁၄ ဒီဇင်ဘာလ ၃ဝ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။