သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-28
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ရန်ကုန်တိုင်း သာကေတ မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ဒီနေ့ဆန္ဒပြကြမယ်လို့သိရပါတယ်။
2014-02-28
လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံကလက်ရှိ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ၊ ခေတ်နဲ့မလျော်ညီတော့တဲ့ ဥပဒေတွေကို ပယ်ဖျက် (သို့မဟုတ်) ပြင်ဆင်ဖို့အတွက် ပူးပေါင်းဆောင် ရွက်ရန် မြန်မာအစိုးရထံက ကတိရရှိခဲ့ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီနေ့ပြောကြား လိုက်ပါတယ်။
2014-02-28
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ မြန်မာပြည်အတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ မြန်မာအစိုးရက အမိန့်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး အလွန်အမင်း အံ့အားသင့်ရပြီး အဖွဲ့ရဲ့ပြုစုစောင့်လျှောက်မှုခံယူနေ တဲ့ မြန်မာပြည်နေရာအနှံ့က ပြည်သူတွေအတွက် အထူးပဲစိုးရိမ်မိတယ်လို့ MSF အဖွဲ့ကမနေ့က နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2014-02-28
မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကို တပြည်လုံးအတိုင်းအတာနဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ထိဆောင်ရွက် မှာဖြစ်ပေမယ့် UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၂၊ မိုင်းလားတပ်ဖွဲ ထိန်းချုပ်ရာ အထူးဒေသ ၄ နဲ့ ကချင်ပြည် နယ် ပူတာအိုခရိုင်မှာ အခုမတ်လဆန်းကစပြီး ကောက်ခံ မယ်လို့ ဗဟိုသန်းခေါင်စာရင်းကော်မတီက မနေ့ကရက်စွဲ နဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2014-02-28
၂၀၁၁ ကနေ ၂၀၁၄ နှစ်စပိုင်းအထိ တောင်ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံသား အလုပ်သမား တစ်သောင်းကျော် ပို့ပေးပြီးဖြစ်ကြောင်း အစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ပရေးရာအေဂျင်စီ ဒါရိုက်တာ ဦးဝင်းမြင့်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။
2014-02-28
ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် သမီးကလေးကျေးရွာ ကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စု ကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ဝယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြဘူး လို့ ပြောပါတယ်။
2014-02-28
လာမယ့် မတ်လ ၂၉ ရက်နေ့မှာ စတင်မယ့်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ နာဂလူမျိုးတွေရဲ့ ကုတ်နံပါတ်ကို ချင်းလူမျိုးအောက်မှာ ထည့်သွင်းဖော်ပြထားတာကို လက်မခံနိုင်ကြောင်း နာဂ လူမျိုးတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကန့်ကွက်လိုက်ပါတယ်။
2014-02-28
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ နယ်၊ သပြေကျွန်းကျေးရွာက တောင်သူ ၁၄ ယောက်ကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေမှာ ဝင်ရောက်စိုက်ပျိုးတဲ့အတွက် ကျူးကျော် ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ ကျော်နင်းမှုပုဒ်မ ၄၄၁ နဲ့ သာပေါင်းမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။
2014-02-28
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း ရှေ့လုပ်ငန်းစဉ်တွေမှာ တူညီအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ နယ်ဒေသမှာရှိတဲ့ ရုံးခွဲတာဝန်ခံ ၂၀၀ လောက်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ တွေ့ ဆုံဆွေးနွေးနေကြပါတယ်။
2014-02-28
ရန်ကုန်မြို့ လှိုင်သာယာ စက်မူဇုံ ၃ မှာရှိတဲ့ Myanmar YES အထည်ချုပ်စက်ရုံက ဝန်ထမ်းတွေ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဒီနေ့ တတိယမြောက်နေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား မခက်မာက တင်ဆက်ထားပါတယ်။
2014-02-28
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ဖို့ ရခိုင်ပြည်နယ် အစိုးရက MSF အဖွဲ့ကို မနေ့က ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-02-28
အမျိုးဘာသာသာသနာဆိုင်ရာ ဥပဒေ ၄ ခု ပြဋ္ဌာန်းပေးဖို့အတွက် "အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော် သြဝါရစရိယ ဘန္ဒန္တ တိလောကာဘိဝံသက သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုထားရာမှာ သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်ကို လွှဲပြောင်းပေးပို့ခဲ့ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာတော့ လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတကို ပြန်ပြီး အကြံပြုပေးပို့လိုက်ပြန်ပါတယ်။ ဒီဥပဒေတွေ ပြဋ္ဌာန်းပေးရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2014-02-28
မြန်မာအစိုးရရဲ့လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံးရှေ့မှာ ရိုဟင်ဂျာမွတ်စလင် တချို့ မနေ့က လာရောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-02-27
မနေ့မနက်က ဝါရှင်တန် ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ ရိုဟင်ဂျာနဲ့မွတ်စလင်အဖွဲ့တွေက မွန်းလွဲပိုင်း ၃ နာရီမှာတော့ အမေရိကန်လွှတ်တော်ရှေ့က House Triangle ဆိုတဲ့ မြက်ခင်းပြင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2014-02-27
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေ အနေတွေ တစ်စုံတရာ တိုးတက်မူရှိ လာတာမှန်ပေမဲ့၊ စိန်ခေါ်မူတွေကို ကျော် လွှားနိုင်ဖို့အတွက် ဆောင်ရွက်စရာတွေ အများအပြား ရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုပါတယ်။