သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-30
လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့က ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံ ကလူ့ အခွင့်အရေးချိုးဖေါက်ခံရမှုတွေကို ဦးစားပေးဆောင်ရွက်မှုမရှိတော့ပဲ ကုန်သွယ်ရေးအမြင် အရပဲကြည့်ပြီး အကောင်းမြင်လွန်းနေတယ်ဆိုပြီး ဒီမူဝါဒ ကို ပြန်လည် သုံးသပ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ် ဆီ အနီရောက်မျက်မှန်တွေပေးပို့မယ့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်နေပါတယ်။
2014-04-30
တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီ ဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက် ပြီလို့ သတင်းရရှိပါတယ်။
2014-04-30
အမေရိကန်အစိုးရက ဖွဲ့စည်းထားတဲ့ USCIRF ခေါ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် ရဲ့ ၂ဝ၁၄ ခုနှစ် အစီရင်ခံစာကို မနေ့ကထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံဟာ အထူးစိုးရိမ်ဖွယ် အခြေအနေမှာရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။
2014-04-30
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြည်သူ့သံတမန်ရေးရာ တွဲဖက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel ဟာ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စာဒသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2014-04-30
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရခိုင်အမျိုးသားညီလာခံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက် နေ့အထိ ငါးရက်ကြာ ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားပါတယ်။
2014-04-30
UNICEF လို့ခေါ်တဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုကို ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ဒီကနေ့ ညနေပိုင်း က ကျင်းပခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-04-30
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ သာဂရ သရက်တောဘုန်းကြီးကျောင်းက စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှာ လာရောက်ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေဟာ အသက်ရှင်သန် ရပ်တည်ရေးအတွက် တနိုင်တပိုင် ပယင်းကျောက်သွေးလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-04-30
၈၈ မျိုးဆက် (ပွင့်လင်းလူ့အဖွဲ့အစည်း) က ကိုမြအေး ဦးဆောင်တဲ့ "ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေးကော်မတီ" ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-04-30
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက် က လက်ခံကြောင်းနဲ့ လတ် တလော တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြော ပါတယ်။
2014-04-30
ရခိုင်ပြည်နယ်ရဲ့ လူဦးရေအများစုဖြစ်တဲ့ လယ်သမားအရေးကို ရခိုင်အမျိုးသား ညီလာခံမှာ တက်ရောက်နေကြတဲ့ ပါတီတွေ အဖွဲ့ အစည်းတွေက ဆွေးနွေးကြဖို့ နဲ့ လယ်သမားအရေးကို ကိုယ်စားပြု တောင်းဆိုနိုင်မယ့် အစည်းအရုံး ဖွဲ့စည်းပေးဖို့ လိုအပ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ကျင်းပနေတဲ့ ရခိုင် အမျိုးသား ညီလာခံမှာ အဆိုတင်သွင်းခဲ့ပါတယ်။
2014-04-30
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားချက်တွေအပေါ်မှာ အခြေခံမှာ မဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှ ဖြစ်တယ်လို့ UNICEF အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-04-30
အမေရိကန် တွဲဖက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel ဟာ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မနေ့က ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-04-30
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့မှာ ရခိုင်တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေနဲ့၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေအပါဝင် စုစုပေါင်းတထောင်ကျော် တက်ရောက်နေတဲ့ ရခိုင်အမျိုးသားညီလာခံကို ဒီနေ့ လေးရက်မြောက် နေ့အဖြစ် ကျင်းပနေပါတယ်။
2014-04-30
ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာအနီးက ကော့ပြန်တောင်ဒေသမှာ တစ်ရက်ကို ဘိလပ်မြေ တန် ၅ဝဝဝ ထုတ်လုပ်နိုင်မယ့် ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေနဲ့ သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ Myanmar Jidong Cement ကုမ္ပဏီလီမီတက် တာဝန်ရှိသူတွေ က ပြောလိုက်ပါတယ်။
2014-04-30
နယ်မြို့ နာရေးကူညီမှုအသင်းတွေမှာ သုံးနေတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ တရားဝင်ဖြစ်ဖို့ အစိုးရအနေနဲ့ ကူညီသင့်ကြောင်းနဲ့ လိုင်စင်မဲ့ မော်တော်ယဉ်တွေကိုသုံးနေတဲ့ နယ်ဒေသ နာရေးကူညီမှုအသင်းတွေအနေနဲ့လည်း လွှတ်တော်ထံ စာရေးသားအကူအညီတောင်းကြဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ဒီနေ့ ပြောပါတယ်။