သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-31
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ရန်အောင်မြင် ရပ်ကွက် ဒေသခံတွေက စာသင်ကျောင်းဆောက်ဖို့ဆိုပြီး သတ်မှတ်ထားတဲ့ မြေနေရာတွေထဲက ၂ ဧကလောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြေကွက်တွေရိုက် ပြီးပြန်ရောင်း စားနေတာကြောင့် ဒေသခံ ၁၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-05-31
လျော်ကြေးယူမထားတဲ့ မြေယာတွေပေါ်မှာ ဒီကနေ့ ထွန်ယက်ဖို့အသွား ရဲတပ်ဖွဲ့ အင်အား ၅၀၀ လောက်ရဲ့ တားဆီးမှုခံခဲ့ရ တယ်လို့ လက်ပံတောင်းဒေသခံတွေက ပြောပါတယ်။
2014-05-31
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်း မြို့နယ်လေးမြို့နယ်မှာ တပ်မတော် က သိမ်းယူထားတဲ့ တပ်သိမ်းမြေတွေထဲက လယ်မြေဧက ၅၀၀ ကျော် မူလပိုင်ရှင်တွေဆီ ပြန်လည်ပေး အပ်ပွဲကို ထားဝယ်မြိုတော်ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-05-31
တိုင်းရင်းသားဒေသတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနဲ့ လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်တွေက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
2014-05-31
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခုလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ကျဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းကို ဘင်္ဂလားဒေ့ရှ် အရာရှိတွေ လက်ထဲကို ဒီကနေ့ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
2014-05-31
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေရရှိတဲ့ သဘောတူ ညီချက်တွေပေါ် မူတည်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့် စွက်ရေးသားတာတွေ ပြုလုပ်သင့်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2014-05-30
မြန်မာအစိုးရက နိုင်ငံခြားဘဏ် ၁ဝ ခု ကို မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ဖို့ အတွက် လာမယ့် စက်တင်ဘာ လကုန်မှာ ခွင့်ပြုချက် လိုင်စင်တွေ ထုတ်ပေးတော့မယ်လို့ သောကြာနေ့နောက် ဆုံးရ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
2014-05-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို ရှင်းလင်းပြောကြားခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တင်ပြထား ပါတယ်။
2014-05-30
၂ဝဝ၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာ ပြင်ဆင်၊ ပယ်ဖျက်သင့်တယ်လို့ ယူဆပြီး လွှတ်တော်ကို တင်ပြ ထားတဲ့ အချက် ၁၆၈ ချက်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲက အချက်တချို့နဲ့ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-05-30
ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့မှာ အစိုးရဌာနဆိုင်ရာက သိမ်းဆည်းထားတဲ့ စိုက်ပျိုးမြေတွေထဲက အသုံးမပြုပဲ ပိုလျှံတဲ့မြေတွေကို မူလပိုင်ရှင်တွေလက်ထဲ အခမ်းအနားနဲ့ ပြန်ပြီး လွှဲပြောင်းပေးခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-30
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) မပြင်ဆင်ဖို့ လှုံဆော်တဲ့ လက်ကမ်းစာစောင်တွေကို မန္တလေး မြို့နယ် ၅ မြို့နယ်မှာ ဒီနေ့မနက်အစောပိုင်းက ဖြန့်ဝေခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-05-30
နိုင်ငံတကာ စာရေးဆရာ ကဗျာဆရာနဲ့ ထုတ်ဝေသူတွေ စုစည်းထားတဲ့ PEN International အဖွဲ့ဝင် Pen Myanmar အဖွဲ့ရဲ့ ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ Pen Myanmar အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ရသစာပေ ဖွံ့ဖြိုးတိုးတက်ရေးအပြင် သတင်းမီဒီယာတွေကို စောင့်ကြည့်ပြီး အမုန်းတရား ပွားစေ တဲ့ အရေးအသားတွေကို စောင့်ကြည့်လေ့လာသွားမယ်လို့ ပြောပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။
2014-05-30
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ် သားသား စကားများ အစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးအောင်ကို၊ နေပြည်တော်ဆန္ဒပြသူတဦးတို့ပြောကြားချက်တွေနဲ့ ၊ အမေရိကန်သမ္မတဘားရတ်အိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြောကြားချက်တွေကို ကောက်နှုတ် တင်ပြထားပါတယ်။ RFA အဖွဲ့သား ကိုကျော်မင်းထွန်း အပတ်စဉ် စီစဉ်တင်ဆက်ထားပါတယ်။
2014-05-30
ဒီကနေ့ ကျရောက်တဲ့ ဒီပဲယင်းအရေး အခင်း ၁၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီပဲယင်းမြို့ကျည်ရွာ က ကျောင်းကြီး ဘုန်းကြီးကျောင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေစုပေါင်းပြီး သေဆုံးသွားကြ သူတွေ အတွက် ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။
2014-05-30
နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာနဲ့ ထုတ်ဝေသူတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN International အဖွဲ့ဝင် PEN Myanmar ရဲ့ ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ ရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။