သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-30
မန္တလေး NLD က ဦးဆောင်ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒရယူ လက်မှတ်ထိုးပွဲတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က NLD ပါတီဝင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (မန္တလေး) က တာဝန်ခံတစ်ချို့ကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရပါတယ်။
2014-06-30
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသက ရွှေလုပ်သား ၄ ဦးနဲ့ သူတို့ကိုအကူအညီပေးသူ မုံရွာမြို့နယ်က ကိုရာဇာတို့ကို ဒီနေ့ ရမည်းသင်းမြို့နယ် တရားရုံးက နိုင် ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင် ဒဏ် ၉ လစီ ချမှတ်လိုက်ပါတယ်။
2014-06-30
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင် ဆင်ပေးဖို့ တစ်လအတွင်း လက်မှတ်ရေးထိုး သူပေါင်း ၃သန်း ကျော် ရှိနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2014-06-30
အစိုးရဆိုတာ လူထုရဲ့လိုအပ်ချက်ကို သိအောင်ကြိုးစားပြီး အကောင် အထည်ဖော်ပေးရတာဖြစ်ကြောင်း မိမိအနေနဲ့ အပြော မဟုတ်ဘဲ အလုပ်နဲ့သက်သေပြသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူလိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။
2014-06-30
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၃ က Master Sports ဖိနပ်စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့ အလုပ်သမား ၈၀၀ လောက် ဟာ နစ်နာကြေးရဖို့အတွက် စက်ရုံရှေ့မှာ သွားရောက်စောင့် ဆိုင်းနေကြတာ ဒီနေ့ဆိုရင် ၅ ရက် ရှိသွားပြီဖြစ်ပါတယ်။
2014-06-30
ကျောက်မီးသွေးလောင်စာကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ် မယ့် စက်ရုံတွေကို ကန့်ကွက်ကြောင်း အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ နဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ဒီနေ့ ကန့်ကွက်လိုက်ကြပါတယ်။
2014-06-30
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုရလာဖို့အတွက် လာမယ့် ဇူလိုင်လမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံဆွေးနွေး သွားမှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြား လိုက်ပါတယ်။
2014-06-30
ကမ္ဘာကြီးပူနွေးလာနေတဲ့ အခြေအနေ ရဲ့ အကျိုးဆက်တွေကို လေ့လာ သုတေသနပြုခဲ့ကြတဲ့ အဖွဲ့တွေရဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားကို ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ ရာမှာ အမျိုးသားဒီမိုကျရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါ တယ်။
2014-06-30
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို ဒီသီတင်းပတ် အတွင်း လာရောက်မှာ ဖြစ်ပါတယ်။
2014-06-30
တရုတ်ပြည် ဘေဂျင်းမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် နှစ်(၆ဝ) ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို တရုတ် ဒု သမ္မတ လီယွမ်ချောင်း၊ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ အိန္ဒိယ ဒု သမ္မတ မာမစ် အာဆာရီ တို့ တက်ရောက်ခဲ့ကြပါတယ်။
2014-06-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံဘွဲ့ရတွေကို အငယ်တန်းအော်ပရေတာ သင်တန်းတက်စေပြီး အလုပ်ခန့်ရာမှာ လစာ ညှိုနိုင်းမရဖြစ်နေတာ သုံးလ ရှိသွားပြီလို့ သိရပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ စာထုတ်ထားပါတယ်။ သင်တန်းသားတွေက မနက်ဖြန် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြမယ်လို့ဆိုပါတယ်။ သင်တန်းသားတစ်ဦးဖြစ်တဲ့ ကိုဖြိုးယုဌေးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-29
ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စစ်ရေးအခြေအနေတွေကြောင့် အခြေခံ ပညာ စာသင်ကျောင်း ၃၉ ကျောင်း မဖွင့် လှစ်နိုင်ဘူးလို့ ကချင်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားလိုက်ပါတယ်။
2014-06-29
ဒီမိုကရေစီစနစ်မှာ အစိုးရတာဝန်ရှိသူတွေ ဟာ တာဝန်မကျေပြွန်တဲ့အခါ နှုတ် ထွက်ပေးကြတဲ့ ယဉ်ကျေးမှု ရှိကြောင်း နဲ့ မြန်မာနိုင်ငံမှာလည်း အဲဒီလို ယဉ်ကျေးမှုမျိုးဖြစ် လာအောင် ပြည်သူတွေ အားလုံးက ကြိုးစားရမှာဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားလိုက် ပါတယ်။
2014-06-29
ရခိုင်ပြည်နယ်က စစ်တွေ၊အမ်း၊မင်းဘူး ရထားလမ်းစီမံကိန်းကို ရှေးဟောင်း ဇုန်နယ်နမိတ်တွေနဲ့ လွတ်ကင်းအောင် ဖြတ်သန်းဖောက်လုပ်ပေးဖို့ မြောက်ဦးမြို့ခံတွေက တောင်းဆိုလိုက်ပါတယ်။
2014-06-29
လက်ရှိ အခြေအနေဟာ အမေရိကန် တပ်မတော် နဲ့ မြန်မာ့တပ်မတော် ဆက်ဆံရေး တည်ဆောက်ဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း ဒါပေမဲ့ သတိကြီးကြီး ထားပြီး တည်ဆောက်သွားရမှာ ဖြစ်သလို မြန်မာ့ တပ်မတော်ဘက်က ပြုပြင်ပြောင်းလဲမှုတွေ ပြနိုင်ရင် အမေရိကန်ဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ ပို ပြီး ရှိလာမှာ ဖြစ်ကြောင်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။