သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-31
မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက် ပွဲ စနစ်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် လေ့လာ သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦး၊ ဥပဒေပညာရှင် ၅ ဦးနဲ့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖဲ့ွစည်းလိုက်ပါတယ်။
2014-07-31
အချိုးကျ ကိုယ်စားပြုစနစ် ခေါ် PR ကို ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး ခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ လာမယ့် သြဂုတ်လ ၅ ရက်နေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြသွားမယ် လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဒီနေ့ ပြော ပါတယ်။
2014-07-31
PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံး မှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ထောက်ခံတယ်ဆိုပြီး ပြည်သူတွေအကြား ထင်ယောင် ထင်မှား ဖြစ်လာတဲ့အတွက် PR စနစ်ကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-07-31
ရာထူးကအနားပေးခံရတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် နှုတ်ထွက် သွားခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးအဖြစ် အဆိုပြု ခံထားရသူ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော ပါတယ်။
2014-07-31
စစ်တပ်ကသိမ်းထားတဲ့ အိမ်မြေနေ ရာတွေပြန် ရဖို့တောင်းဆိုနေတဲ့ မိချောင်း ကန်ရပ်ကွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို အရပ်ဝတ် လူတစ်စုက ကန်တော်ကြီး မျှော်စင်ကျွန်းအနီးမှာ ဒီနေ့မနက် က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးတင်တရားစွဲကာ ညနေ ပိုင်းမှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့သတင်း ရရှိ ပါတယ်။
2014-07-31
ကြားဖြတ်အစိုးရတင်မြှောက်တဲ့ သတင်းရေးသားဖော်ပြတဲ့ မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၇ ဦးကို သြဂုတ်လ ၄ ရက်နေ့မှာ အမှုစတင်စွဲဆိုတော့မယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်နေ တဲ့ ဗဟိုတရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-07-30
အရှေ့တောင်အာရှက နိုင်ငံတွေဖြစ်ကြ တဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ငှက်ဖျားရောဂါ ကုသဆေး မတိုးတော့တဲ့လူနာတွေ အများအပြားတွေ့နေ ရပြီလို့ ကမ္ဘာ့ကျန်းမာရေး ထိပ်တန်းပညာရှင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က သတိပေးလိုက်ပါတယ်။
2014-07-30
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း ပြောဆိုခဲ့တာဟာ မြန်မာပြည်အတွက် သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့ ကော်မရှင်တစ်ခုဖွဲ့စည်းရေးသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။
2014-07-30
PR (ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကို လာမယ့်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးဖို့အဆိုကို ပြည်သူ့ လွှတ်တော်မှာ သုံးရက်ကြာ ဆွေးနွေးခဲ့ကြပြီးနောက်၊ မြန်မာနိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲစနစ်က သင့်တော်သလဲ ဆိုတဲ့အပေါ် ဆွေးနွေးအကြံပြုရမယ့် ကော်မတီတခု ဖွဲ့စည်းဖို့ လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ်။
2014-07-30
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်အဖြစ် “မဟာမှိုင်းအလွန် နှစ်ငါးဆယ်” လို့အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ်ပန်းချီပြခန်းမှာ ဇူလိုင်လ ၂၈ ရက်နေ့က စတင် ပြသနေပါတယ်။
2014-07-30
မြန်မာနိုင်ငံမှာ တနှစ်ကို လူပေါင်း ၈ ထောင်ကျော် မြွေကိုက်ခံနေရပြီး၊ မြွေကြောင့် တနှစ်ကို လူတထောင်ဝန်းကျင် သေဆုံးနေရတယ်လို့ သိရပါတယ်။
2014-07-30
ရခိုင်ပြည်နယ်လွှတ်တော်- ဥပဒေပြုရေးကော်မတီက ရေးဆွဲထားတဲ့ “ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ” (မူကြမ်း) ကို ဒီကနေ့ သမိုင်းသုတေသီတွေက ဆွေးနွေးခဲ့ကြပါတယ်။
2014-07-30
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာက ရွှေတွင်းလုပ်ငန်းတွေ ကို ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက တရားမဝင်လုပ်ငန်းတွေဆိုပြီး ဝင်ရောက်ဖမ်းဆီးနေ တာကြောင့် ရွှေတွင်းလုပ်သား တစ်ရာကျော်လောက် တွင်းထဲမှာပိတ်မိနေတယ်လို့ ရွှေတွင်းလုပ်သားတွေကပြောပါတယ်။
2014-07-30
နေပြည်တော် ဒက္ခိဏသီရီခရိုင် တရားရုံး မှာ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒီကနေ့ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-07-30
မြန်မာနိုင်ငံမှာ PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအတွက် ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းသူ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို RFA ဝိုင်းတော်သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။