သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-30
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်း ပြောင်းလဲရေးအစီအစဉ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုကြီးတွေက လုံးဝမမျှော်လင့်ထားတဲ့ စိမ်ခေါ်မှုကြီးတွေအဖြစ်နဲ့ အနှောက်အယှက်ကြီးစွာ ဖြစ်စေခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဟြေကြား လိုက်ပါတယ်။
2014-09-30
ပြည်သူ့လွှတ်တော်- တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေးကော်မတီရဲ့ နှစ်ပတ်လည် အစီရင်ခံစာကို ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ တရားလွှတ်တော်ချုပ် တရားသူကြီးတို့က ဆွေးနွေး ပြီးနောက် ပြည်သူ့လွှတ်တော်က အဆိုကို အတည်ပြုလိုက်ပါတယ်။
2014-09-30
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွားရာမှာ ရဲက သေနတ်နဲ့ပစ်ခဲ့တဲ့ကိစ္စကို တရားဥပဒေအရ ဖြေရှင်းပေးဖို့ ဒေသခံတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-09-30
ရခိုင်ပြည်နယ်အတွင်းက မြေယာအသုံးချမှုတွေ ပိုမိုအားကောင်းလာစေရေးအတွက် အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး ၂ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတခုကို စစ်တွေမြို့မှာ ကျင်းပနေပါတယ်။
2014-09-30
ဒီတစ်ပတ် အင်္ဂါနေ့ကစပြီး “အာရှသတင်း မြင်ကွင်းစုံ” အပတ်စဉ်ကဏ္ဍသစ်ကို ထုတ်လွှင့်ပေးမှာပါ။ အိမ်နီးချင်း အာရှဒေသနိုင်ငံတွေမှာ တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ထူးခြားတဲ့သတင်းတွေကို RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက အပတ်စဉ် တင်ဆက်ပေးသွားမှာပါ။
2014-09-30
ကားတာယာ အဟောင်းတွေကို ပြန်လည်အသုံးပြုပြီး ရေပုံး၊ ဇလားဖုံး၊ ဖိနပ်၊ စက်ကြိုး စတဲ့ ပစ္စည်းမျိုးစုံ လုပ်ကိုင်တဲ့လုပ်ငန်းဟာ နယ်ဈေးကွက်တွေမှာ တွင်ကျယ်နေဆဲပဲ ဖြစ်ပါတယ်။
2014-09-30
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်ပြည်တိုးတက်ဖွံ့ဖြိုးရေးပါတီ RNDP တို့ပူးပေါင်းအပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ညီလာခံက ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာအေးမောင်ကို ရွေးခြယ် ဒီကနေ့ ရွေးချယ်တင်မြောက်လိုက်ပါတယ်။
2014-09-30
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၃၀ ကျော်က စာသင်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
2014-09-30
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ညောင်ဝန်းကျေးရွာမှာ မြေယာပိုင်ဆိုင်မှု အငြင်း ပွားနေတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့က တောင်သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့အပေါ် သေနတ်နဲ့ ပစ်ခတ်ခဲ့ သူတွေကို အရေးယူပေးဖို့ ညောင်ဝန်းကျေးရွာမှာ ဒီနေ့ တောင်သူ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-09-30
မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ အနည်း ဆုံး ရွေးကောက်ပွဲစနစ် ၇ ခုကို ရွေးချယ်ပြီး လာ မယ့် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ထံတင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-09-30
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံ သား နှစ်ဦးကို ပြန်ပေးဆွဲရာမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရတဲ့ မန္တလေး ဗကသကျောင်းသူ မဖြူနှင်းထွေးကို ဒီနေ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် အာမခံနဲ့လွှတ်ပေးဖို့ အယူခံတင်ခဲ့ရာမှာ တရားရုံးက ပယ်ချလိုက်ပါတယ်။
2014-09-30
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နောင်တက် လာမယ့် အစိုးရအဆက်ဆက်အနေနဲ့ အကောင်အထည်မဖော်ဖို့ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရ တဲ့ ရွာသားတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2014-09-30
နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ခွဲခြားပြောဆိုမှုဟာ အရင်စစ်အစိုးရခေတ် က အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေကို အဆင့်အတန်း ချဆက်ဆံဖို့ သုံးစွဲခဲ့တဲ့စကားဖြစ်ပြီး ဒီစကားကိုပြော ဆိုသုံးစွဲတာဟာ ရိုးသားမှုမရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2014-09-30
အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ် NLD အဖွဲ့ဝင်ဟောင်းတွေ စုစည်းပြီး “ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့” ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအလို နိုင်ငံရေးအဖွဲ့အစည်းသစ်တခု ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ခန်း မမှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
2014-09-30
မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့၊ နိုင်ငံရေး ပါတီ ၆၄ ပါတီတို့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒုတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။