သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အကောင် အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် တရုတ်ကုမ္ပဏီ အများစုပါဝင်တဲ့ CITIC (The CITIC Consortium) အဖွဲ့က တင်ဒါအောင်ခဲ့ပါတယ်။
2015-12-31
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့ညက ကျင်းပတဲ့ စာပေဟောပြောပွဲမှာ မင်းကိုနိုင်၊ ညီမင်းညိုနဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ တို့က ဟောပြောခဲ့ပါတယ်။
2015-12-31
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ ပတ်သက်ပြီး အမှုကို ပြန်လည်သုံးသပ် စိစစ်ပေးသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2015-12-31
မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို အဆိုးဆုံးခံစားရမယ့် နိုင်ငံတွေစာရင်းထဲမှာ ပါဝင်နေကြောင်း မကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံကနေ ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။
2015-12-31
၂ဝ၁၆ နှစ်ဦးမှာ အစိုးရသစ်ဖွဲ့နိုင်တော့မှာဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။
2015-12-31
RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြား ချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-12-31
ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့ညက ကျင်းပတဲ့ စာပေဟောပြောပွဲမှာ မင်းကိုနိုင်၊ ညီမင်းညိုနဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ တို့ ဟောပြောခဲ့ကြပါတယ်။
2015-12-31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် တရုတ်ကုမ္ပဏီအများစု ပါဝင်တဲ့ CITIC Consortium အဖွဲ့က တင်ဒါ အောင်ခဲ့ပါတယ်။
2015-12-31
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုမှာ သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ ပတ်သက်ပြီး ဒီအမှုကို ပြန်လည်သုံးသပ် စိစစ်ပေးသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2015-12-31
ရှမ်းပြည်နယ်မြောက်ပိုင်းက တောင်သူအများစုဟာ မိုးစပါးရိတ်သိမ်းပြီး နောက်ပိုင်း ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ စိုက်ပျိုးကြပါတယ်။ ဒီနှစ် ကြက်သွန်စိုက်ရာသီမှာ အလုပ်သမားခ ဈေးနှုန်း မြင့်လာတဲ့အပြင် မြေသြဇာဈေးနှုန်းတွေလည်း မြင့်တက်လာတဲ့အတွက် ကြက်သွန်ဖြူစိုက်တဲ့ တောင်သူ နည်းပါးလာပါတယ်။
2015-12-31
ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် မြန်မာနိုင်ငံခေါင်းဆောင်တွေက၂ဝ၁၆ ခုနှစ် အတွက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေ ပြောကြားခဲ့ရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အခုလာမယ်၂ဝ၁၆ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီခိုင်မာရေးအတွက် ထူးခြားတဲ့နှစ်ဖြစ်တယ်၊ တပ်မတော်အနေနဲ့ နှစ်သစ်မှာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင် ရွက်မယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။
2015-12-31
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့ မြင်းခြံဒီဂရီကောလိပ် ကျောင်း သား ကိုဉာဏ်မြင့်သန်းနဲ့ ဝန်းရံသူ ဦးသန့်ဇင်တို့ကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ မြင်းခြံမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် တစ်လစီ အမိန့်ချမှတ်လိုက်ပါတယ်။
2015-12-31
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့ သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း မှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူကို တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေအရဆောင်ရွက်ခဲ့ တာတွေကို နောက်ကြောင်းပြန် တရားစွဲဆိုခွင့်မရှိစေရဆိုတဲ့ ပုဒ်မကိုပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ဒီနေ့ တင်ပြဆွေးနွေးတာကို ပယ်ချပြီး ပြည်သူ့ လွှတ်တော်က မူလအတိုင်း အတည်ပြုလိုက်ပါတယ်။
2015-12-31
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အစိုးရနဲ့ ဗီယက်နမ်ကုမ္ပဏီတစ်ခုတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ နေပူတောင် မာဘယ်လ်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းပေး ဖို့ တောင်ကုတ်မြို့မှာ ဒေသခံ ၃ဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-12-31
ရှမ်းပြည်နယ်မှာ ငွေကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်း နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အထူးစုံစမ်း စစ်ဆေးရေး (စသုံးလုံး) အဖွဲ့က အရာရှိတချို့နဲ့ အမှုမှာပါဝင်တဲ့သူတွေကို တောင်ကြီး ခရိုင် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။