သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-31
၂၀၁၆ ခုနှစ်အတွင်းမှာ တပ်မတော်က သိမ်းယူထား တဲ့ လယ်ယာမြေတွေ ပြန်ရရေးအတွက် ကြိုးပမ်း မှုတွေမှာ အခက်အခဲရှိနေခဲ့သလို ပိုင်နက်ကျူးလွန်မှု အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲခံရတဲ့ တောင်သူတွေ အများအပြား ရှိခဲ့ပါတယ်။
2016-12-31
၂ဝ၁၇ နှစ်သစ်ကို ရောက်ရှိခဲ့ပါပြီ။ နှစ် တစ်နှစ်ကို ကြိုဆိုရတာဟာ မင်္ဂလာတစ်ပါး ဖြစ်တာနဲ့အညီ ကုန်လွန်ခဲ့တဲ့နှစ်ကို ပြန်ပြောင်းသုံးသပ်ပြီး နှစ်သစ်မှာ တိုးတက်မှုတွေမြင်တွေ့ရအောင် လူသားအားလုံး ကြိုးစားကြရမှာဖြစ်ပါတယ်။
2016-12-31
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး ဦးနိုင်သက်လွင်ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတချို့နဲ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-12-31
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ ပါဝင်တဲ့ မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီဇင်ဘာလ ၃ဝရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-12-31
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေ သခေါင်းဆောင် ဦးမင်းဌေးကို မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ ကချင်ပြည်နယ် မိုးမောက်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အဖွဲ့ကတော့ အတည်မပြုပါဘူး။
2016-12-31
မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီဝင်အသစ်တွေကို လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ခန့်အပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးက ပြောပါတယ်။
2016-12-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက် ပြီး ပါတီရဲ့ ဗဟိုတိုင်ကြားရေးဌာနထံ တိုင် ကြားစာ ၁၀၀ ကျော် လက်ခံရရှိထားပြီး အဲဒီထဲမှာ ရန်ကုန်၊ ဧရာဝတီ၊ မကွေး စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အများဆုံး တိုင်ကြားကြ တယ်လို့ ဌာနတာဝန်ခံ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
2016-12-31
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေသခံမဟုတ် တဲ့ မူလတန်းပြဆရာမ ၁၈၀ ကျော်ကို သူတို့ရဲ့ ဇာတိမြို့ ရွာတွေကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ဖို့ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
2016-12-31
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင် စိုးက ပြောပါတယ်။
2016-12-31
၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ နှေးကွေးနေသလို နှစ်ကုန်ခါနီးတဝိုက်မှာ အခြေခံစားသောက် ကုန် ဈေးနှုန်းတွေလည်း မြင့် တက်လာခဲ့ပါတယ်။
2016-12-31
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ နိုင်ငံသားစိစစ်ရေး ကဒ်ပြား ထုတ်ပေးနေမှုတွေကို စောင့်ကြည့် ဖို့ ဒေသခံ မဘသဆရာတော်တွေ၊ စည်းကမ်းထိန်း သိမ်းရေးဆရာတော်တွေနဲ့ ရပ်မိရပ်ဖတွေ့ပါဝင် တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ ကို အခုလ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
2016-12-31
၂ဝ၁၆ ခုနှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာ သူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့အမြင်ကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။
2016-12-31
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လကနေ အောက်တိုဘာလအထိ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၈ မြို့နယ်က ဥပဒေရုံးတွေနဲ့ ရဲစခန်းတွေကို လေ့လာခဲ့ပြီး ကျန်ရှိနေတဲ့ မြို့နယ် ၆ မြို့နယ်ကို လာမယ့် ၂၀၁၇ ဒုတိယပတ်မှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကွင်းဆင်းလေ့လာလို့ ရရှိတဲ့အချက်တွေကို လွှတ်တော်မှာ အစီရင်ခံစာ တင်ပြသွားမယ်လို့ ကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
2016-12-31
အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်တွေ အတွက် ထောက်ပံရေးပစ္စည်းကုန်သတ္တာ ၁ဝ လုံး ပေးပို့ လိုက်တာကို ကျေးဇူးတင်ရှိပါကြောင်း အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ထွန်းက ဂျာကာတာမြို့မှာမနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။
2016-12-30
မလေးရှားနိုင်ငံ အစ္စလာမ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ-Malaysian Consultative Council of Islamic Organizations (MCCIO)အတွင်းရေးမှူးချုပ် Zainol ဇေနိုလ် က ရခိုင်ပြည်နယ် ကို စေလွတ်မယ့် အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို လျှောက် ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ သံရုံးက အခုအချိန် ထိ ပြန်ကြားခြင်းမရှိကြောင်း မနေ့က ပြောပါတယ်။