သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-31
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမ ဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးကို ၂ဝ၁၇ ဒီဇင်ဘာလ ၃ဝ- ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
2017-12-31
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်တွေမှာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ စစ်ဘေးဒုက္ခသည်ပြည်သူတွေကို ပံ့ပိုးကူညီဖို့ စတဲ့ အချက် ၆ ချက် ပါဝင်ပါတယ်။
2017-12-31
ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သားတစ်ယောက် သတ်ဖြတ်ခံရမှုကြောင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ထိခိုက်စေတယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။
2017-12-31
၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် ကျင်းပပြီးကတည်းက တပ်မတော်က တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်တာတွေ ပိုများလာတယ်လို့ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ပြောပါတယ်။
2017-12-31
ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ် အမှတ် ၁၆ ရပ်ကွက်မှာ မနေ့ညက ဧရာဝတီမြစ်ကမ်းပါး ပြိုကျတာကြောင့် နေအိမ် ၁၁ လုံး မြစ်ထဲမျောပါသွားခဲ့ပြီး အန္တရာယ်ရှိတဲ့ နေအိမ် ၁၃ လုံးကို ဖြိုချခဲ့ရတယ်လို့ ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း က ဒီနေ့ ပြောပါတယ်။
2017-12-31
လက်ရှိအစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်မှု မရှိသေးတဲ့အပြင် လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေဟာ ပိုမိုဆိုးဝါးတဲ့ အကြပ်အတည်းတွေကိုသာ ရင်ဆိုင်နေရတယ်လို့ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။
2017-12-31
တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာလက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိလာမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ဒီနေ့ ပြောပါတယ်။
2017-12-31
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့သူ ၅ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ် လို့ အမှုဖွင့်ခံထားရသူတစ်ယောက်ဖြစ်တဲ့ ကိုရဲမင်းကျော်က ဒီနေ့ ပြောပါတယ်။
2017-12-31
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သားတစ်ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဒီနေ့ ပြောပါတယ်။
2017-12-30
ဒီဇင်ဘာလ ၃ဝ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ၂၀၁၇ နိုင်ငံရေး ထူးခြား အဖြစ်အပျက်များ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးမြအေး ( နိုင်ငံရေး လေ့လာသုံးသပ်သူ ) နဲ့ ဦးသန်းစိုးနိုင် (နိုင်ငံရေး လေ့လာသုံးသပ်သူ) တို့က ပင်တိုင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
2017-12-30
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို ၂ဝ၁၇ ဒီဇင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး တက်ရောက်လာတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တချို့ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုအောင်သိင်္ခ က စုစည်းတင်ပြထားပါတယ်။
2017-12-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံကို ပြန်လာလို သူတွေကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး မြန်မာအစိုးရက ပြန်လည်လက်ခံတော့မှာဖြစ် ပါတယ်။
2017-12-30
ပဲစားသုံးမှုမြှင့်တင်ပွဲနဲ့ ပဲစားပွဲတော်တွေပြုလုပ်နေတာကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်ခင် ပြန် လည်တောင်းပန်ဖို့နဲ့ တောင်းပန်ဖို့ ပျက်ကွက်ရင် ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စားသုံးသူကာကွယ်ရေးအသင်းထံ စာပေးပို့လိုက်ပါတယ်။
2017-12-30
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တွေ နဲ့ လှေလုပ်သား စုစုပေါင်း ၁၀၀ လောက်ဟာ ငါးဖမ်းလိုင်စင် မရှိသေးတဲ့အတွက် ၁၉၉၀ မြန်မာ့ ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေကို မပြင်ရသေးတဲ့ကြားကာလအတွင်း လိုင်စင်မရှိဘဲ ငါးဖမ်းခွင့်ပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
2017-12-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်လာဖို့တင်ပြတဲ့ လျှောက် လွှာတွေ ပေးပို့ထားတာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြန်မာ အစိုးရထံ ပြန်ပို့လာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်ကြိုင်က ဒီနေ့ ပြောပါတယ်။