သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-29
နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်နဲ့ ယာဉ်မောင်းတို့ဟာ ဒီကနေ့ ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာ ပြီ ဖြစ်ပါတယ်။
2017-12-29
ကချင်ပြည်နယ် နမ္မတီးမြို့ရဲ့ အနောက်မြောက်ဘက် ၁၁ မိုင်အကွာ တနိုင်း-လီဒိုလမ်းမပေါ် ဒွန်ဘုံးခနဲ့ မရန်းကထောင်ရွာကြားမှာ ကေအိုင်အေတပ်ရင်း ၁၁ နဲ့ အစိုးရတပ်မတော်အကြား မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။
2017-12-29
သင်တန်းတွေ၊ ပညာတော်သင်ကိစ္စတွေအပါအဝင် ပြည်ပခရီးစဉ်တွေအတွက် ပညာရေး ဝန်ထမ်းတွေကို နာမည်တပ်ဖိတ်ကြားရင် ခွင့်မပြုဘူးဖို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိစ္စကို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကန့်ကွက်လိုက် ပါတယ်။
2017-12-29
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနေ ပြန်လာကြမယ့်ဒုက္ခသည်တွေကို ညပိုင်းမှာလက်ခံမှာမဟုတ်ဘူးလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2017-12-29
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှင်းလက်ဝကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မိုးမကျခင် နေရပ်ပြန်နိုင်ရေး စီစဉ်ပေးသွားမယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။
2017-12-29
နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2017-12-29
အစိုးရပိုင် ကြေးမုံသတင်းစာက သတင်းထောက် မှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ထားသူတစ်ဦးကို ရခိုင်ပြည်နယ်က မွတ်စလင်တွေ ပြည်မြို့ဘက်ခိုးသွင်းရန် ကြိုးစားမှုအတွက် မနေ့က ဖမ်းဆီးလိုက် ပါတယ်။
2017-12-29
အစိုးရ အဆင့်ဆင့် အဂတိလိုက်စားမှုတွေရှိရင် မတရားတာလုပ်ရင် ဘယ်သူ့ကိုမှ မကြောက်ကြဘဲ တိုင်တန်းကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအားလုံးကို တိုက်တွန်းလိုက်ပါတယ်။
2017-12-28
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တချို့ရဲ့ ၂၀၁၈ ခုနှစ်အတွက် နှစ်သစ်ကူး ဆုတောင်းစကားတွေကို RFA သတင်းထောက် ဦးအောင်မိုးမြင့်က စုစည်းတင်ပြထားပါတယ်။
2017-12-28
နေပြည်တော် လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ်ငယ် (ဒရုန်း) နဲ့ ရိုက်ကူးဖို့ ကြိုးစားလို့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ အကျဉ်းထောင် ကနေ လွတ်မြောက်လာမှာဖြစ်ပြီး နိုင်ငံခြားသား သတင်းထောက်နှစ်ဦးကိုတော့ အဲဒီနေ့မှာဘဲ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ သူတို့ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
2017-12-28
ရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ သတင်းသမားတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ဝေဖန်သူတွေရှိသလို သူတို့ကို ဖမ်းဆီးထားတဲ့ ပုဒ်မနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လျက်ရှိပါတယ်။
2017-12-28
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီ က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာ့တပ်မတော်ရဲ့ နှိမ်နင်းမှုကို ရပ်တန့်စေဖို့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေမှာ ဝင်ရောက်ပူးပေါင်းပြီး ရပ်တည်မပေးတဲ့အတွက် တရုတ်နဲ့ ရုရှားနိုင်ငံတွေကို နိုင်ငံတကာက ဖိအားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
2017-12-28
ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့ကိစ္စကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီလက်အောက်ရှိ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းလုပ်ငန်းအဖွဲ့ WGAD ထံ တိုင်စာပေးပို့လိုက်ပါတယ်။
2017-12-28
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေ အနေနဲ့ ဖမ်းဆီးခံရစဉ်က သက်သေအဖြစ် သိမ်းဆည်းခံခဲ့ရတဲ့ စာရွက်စာတမ်းတွေထဲမှာ ဘာတွေရှိမှန်း မသိဘူးလို့ ဖမ်းဆီးခံ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က ပြောပါတယ်။
2017-12-28
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်ကနေရပ်စဲပေးဖို့ စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။