သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-31
ရခိုင့်တပ်တော် AA က လာမယ့် ၂၀၂၀ မှာ ရခိုင်ပြည်သူ့အာဏာပိုင် ဖွဲ့စည်းသွားမယ်လို့ ပြောဆိုထားတာနဲ့ ပတ်သက်ပြီး တပ်မတော်၊ လက်ရှိအာဏာရပါတီ၊ ရခိုင့်တပ်တော် AA နဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ အချို့ရဲ့ အမြင်သဘောထားတွေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2019-12-31
ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားတဲ့ အစိုးရ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA ရက္ခိုင့်တပ်တော်က ဒီနေ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2019-12-31
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မနေ့ညက လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ကျရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့က နှစ်ဖက်အပြန်အလှန် အပြစ်တင်နေကြပါတယ်။
2019-12-31
KNU ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ကျေးရွာသား လေးဦးရဲ့ တစ်နှစ်စာ စားနပ်ရိက္ခာတွေကို မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း ၃၉ က သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။
2019-12-30
မြန်မာ့တပ်မတော် (ရေ) သက်တမ်း ၇၂ နှစ်ပြည့်တဲ့အချိန်မှာ တပ်မတော် (ရေ) အတွက် စစ်သင်္ဘောအသစ်တွေ စတင်တာဝန်ထမ်းဆောင်တဲ့ တပ်တော်ဝင် အခမ်းအနား ကျင်းပခဲ့ပါတယ်။
2019-12-30
လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ရာခိုင်နှုန်း ၄၀ ကနေ ၅၀ ကြား အနိုင်ရနိုင်တယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ပြောပါတယ်။
2019-12-30
သင်.. တနေ့လုံး အင်တာနက်မသုံးဘဲ နေနိုင်ပါသလား။ တစ်ရက်က နည်းတယ်ပဲ ဆိုပါစို့.. ဒါဖြင့် တစ်လ နေနိုင်ပါသလား။ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူတစ်သန်း နီးပါးလောက်ဟာ အင်တာနက်မရှိဘဲ နေထိုင်ကြတာ အခုဆိုရင် နာရီပေါင်း ၅၀၀၀ ကျော်သွားပါပြီ။
2019-12-30
ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် နယ်မြေခံ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးနေပြီး တပ်မတော်ဘက်က တရားလို သက်သေတွေနဲ့ အရပ်ဘက်သက်သေတွေကို လာမယ့် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ အပြီးစစ်ဆေးမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2019-12-30
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးငွေပေးဖို့ ဒေသခံတွေ ဆားလင်းကြီးမြို့မှာ ဒီနေ့ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-12-30
ရခိုင်ပြည်နယ် အမ်းမြို့နယ် နှမ်းချောင်းကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အရှိုချင်းတိုင်းရင်းသား ငါးရာနီးပါးဟာ ဒါးလက်ကျေးရွာအုပ်စု နတ်မော်ကျေးရွာစာသင်ကျောင်းမှာ ခိုလှုံနေကြပြီး စားသောက်ရေးအတွက် အခက်အခဲရှိနေပါတယ်။
2019-12-30
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံအကျဉ်းထောင်က အကျဉ်းသား ၃၀ ကျော်ဟာ ဒီကနေ့ မနက် ၉ နာရီခွဲခန့်ကနေ ၁၁ နာရီခွဲခန့်ထိ ထောင်တွင်း ဆန္ဒပြခဲ့ကြပါတယ်။
2019-12-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံလေးရာကျော်ဟာ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေကြပါတယ်။
2019-12-29
ရက္ခိုင့်တပ်တော် AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် အကူအညီပေးဖို့ ဝ လက်နက်ကိုင်အဖွဲ့ UWSA အဖွဲ့ထံ မိသားစုဝင်တွေက စာပို့အကူအညီတောင်းခံလိုက်ပါတယ်။
2019-12-29
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှာ မနေ့ညက လက်နက်ကြီးကျည်ကျလို့ ဒေသခံ သုံးထောင်ကျော်လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။
2019-12-28
Victoria အမှုနဲ့ပတ်သက်လို့ တရားရုံးထွက်ဆိုချက်တွေကို ထုတ်ဖော်ပြောဆိုတာတွေ၊ မီဒီယာတွေမှာ ထည့်သွင်းဖော်ပြတာတွေဟာ ကလေးသူငယ်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်၊ လွတ်လပ်ခွင့်တွေကို ထိပါးနေတာဖြစ်တဲ့အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကို လေးစားလိုက်နာဖို့ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မနေ့က ကြေညာချက် ထုတ်တိုက်တွန်းလိုက်ပါတယ်။