သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-31
စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ မျှော်လင့်တာထက် ပိုမိုလျင်မြန်စွာ အောင်မြင်မယ့်အလားအလာတွေ မြင်တွေ့နေရပြီဆိုတဲ့ သုံးသပ်ချက်အပါအဝင် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသဘိဝံသ၊ CDM ဗိုလ်ကြီး ညီသုတနဲ့ NLD ဗဟိုကော်မတီဝင် ဒေါ်နီလာဝင်း တို့ရဲ့ တော်လှန်ရေးဆိုင်ရာ အတွေ့အကြုံနဲ့ ရှုမြင် သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2021-12-31
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး နိုင်ငံတစ်ဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တပ်က အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူအများအပြား သေဆုံးခဲ့ရပါတယ်။
2021-12-31
ကရင်ပြည်နယ်အတွင်းက မြို့နယ်တော်တော်များများမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
2021-12-31
ပြည်သူတွေကို သတ်ဖြတ်ခိုင်းတဲ့ အမိန့်တွေနဲ့ ပြည်သူတွေ ဒုက္ခရောက်စေမယ့် စစ်ရေးတွေကို ငြင်းဆန်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းလိုက်ပါတယ်။
2021-12-31
စစ်တပ်အာဏာ သိမ်းယူလိုက်တဲ့အတွက် မြန်မာနိုင်ငံဟာ အဘက်ဘက်က ချို့ယွင်းပျက်စီးခဲ့တဲ့အပြင် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဟာလည်း တစ်ကြိမ်ပြီး တစ်ကြိမ် ကျဆင်းခဲ့ရတယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့ စစ်ဦးစီးချုပ် ဦးဖုန်တာရွှင်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
2021-12-31
ကော့ကရိတ် မြဝတီလမ်းက ခရီးသွားတွေနဲ့ အဲဒီအနီးအနားမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတိဝီရိယ ကြီးကြီးထားပြီး ခရီးသွားလာနေထိုင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
2021-12-31
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ရာဇဝတ်မှုကျူးလွန်သူတွေကို ဩစတြေးလျနိုင်ငံ တရားရုံးမှာ တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကိုပြောပါတယ်။
2021-12-31
ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှာ အဖမ်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ခုနစ်ယောက်ကို စစ်တပ်ဘက်က ပြန်တောင်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
2021-12-31
ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVTV ရုပ်သံအစီစဉ်မှာ သရော်စာကဏ္ဍ တင်ဆက်နေသူ ကိုအောင်နေမျိုးရဲ့ မိသားစုဝင် ငါးယောက်စလုံး အခုနှစ်ပတ်ကြာတဲ့အထိ လုံးဝ အဆက်အသွယ်မရသေးဘူးလို့ ကိုအောင်နေမျိုး က ပြောပါတယ်။
2021-12-31
နိုင်ငံရေးပြဿနာကို နိုင်ငံရေးယဉ်ကျေးမှုအပြည့်နဲ့သာ ဖြေရှင်းရမယ်ဆိုတဲ့ NCA ရဲ့အနှစ်သာရကို စစ်တပ်ကသာ ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းခြင်းနဲ့ စတင် ချိုးဖောက်လိုက်တာဖြစ်ကြောင်း KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။
2021-12-31
ဒီဇင်ဘာလ ၃၀ ရက် မနေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ထောင်တွင်းတရားရုံး ကနေ တက္ကသိုလ် သမဂ္ဂအဖွဲ့ဝင် တစ်ဦးနဲ့ ကျောင်းသူဟောင်း နှစ်ဦး စုစုပေါင်း သုံးဦးကို ထောင် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2021-12-31
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် (၆) ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင် အုပ်ချုပ်ရေးမှူး ဦးမောင်ထွေး ဟာ ဒီဇင်ဘာ ၃၁ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ အမည်မသိလူတစ်စုရဲ့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရ ပါတယ်။
2021-12-31
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးနေတယ်ဆိုတဲ့ Jonathan Kyaw Thaung ဟာ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် မျိုးဆက်ဖြစ်ပါတယ်။
2021-12-31
မီးလောင်မှု အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒီဇင်ဘာ ၃၀ ရက် မနေ့ မနက်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အပါအဝင် လူနေ အဆောက်အအုံ ၅၀ ကျော် စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံခဲ့ရတယ်လို့ ချင်းတွင်း သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2021-12-30
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောရွာအနားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ ဒီဇင်ဘာလ ၃၀ ရက် မနေ့ည ၁၀ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။