သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-30
အသက် ၅၀ အရွယ် မလှမိုးဟာ မွေးရာပါ လက်နှစ်ဖက်စလုံးမပါတဲ့သူတစ်ယောက်ပါ။ သူ့ကို ဧရာဝတီတိုင်း ဓနုဖြူမြို့မှာမွေးဖွားခဲ့ပြီး ၁၃ နှစ်အရွယ်ကတည်းက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။
2022-12-30
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။
2022-12-30
ရန်ကုန် - မန္တလေး အမြန်လမ်း ဇဟားရဲကင်းတစ်ခုကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ DVB အလွတ်သတင်းထောက် အပါအဝင် ၁၃ ဦးကို တောင်ငူခရိုင် ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၂၈ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၄ နဲ့ ထောင်တစ်သက် ချမှတ်လိုက်တယ်လို့ ထောင်တွင်းတရားရုံးနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2022-12-30
မကွေးတိုင်း၊ မြိုင်မြို့နယ်က မကြီးလေးပင်ရွာနဲ့ ကန်နက်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဒီဇင်ဘာ ၂၉ ရက် မနေ့က ဝင်ရောက်လာပြီးနောက် နေအိမ် ၁၀၀ ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-30
ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူလည်းဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး မနန်းတွယ်တာဦးကို မော်လမြိုင်ခရိုင်တရားရုံးက ဒီဇင်ဘာ ၂၉ ရက် မနေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-30
၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင် အမှု ၁၄ ခုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။
2022-12-30
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာရှိတဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာ မိုင်းပေါက်မြို့မှာ နောက်ထပ် မြန်မာနိုင်ငံသား ၁၂ ဦး ရောင်းစားခံထားရတယ်လို့ ကိုယ်တိုင်ရောင်းစားခံထားရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2022-12-29
ဆင်ဖြူစစ်ကြောင်းမှာ တပ်ဖွဲ့ဝင် ၄ဝဝ ခန့်ရှိပြီး အများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ဖို့ မြန်မာပြည်အရပ်ရပ်က ရောက်ရှိလာတဲ့ လူငယ်တွေပါ။
2022-12-29
လက်ရှိမြစ်ကြီးနားထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သွေးတိုးနဲ့ မွေးရာပါအဆုတ်အားနည်းရောဂါရှိတဲ့ ဒေါက်တာဆမ်ဆွန်ထံကို အာဏာပိုင်တွေက လိုအပ်တဲ့ဆေးဝါးတွေ ပို့ခွင့်မပေးဘူးလို့ ဇနီးဖြစ်သူ ဆရာမ ဇုန်းညော်ကပြောပါတယ်။
2022-12-29
အာဏာသိမ်းစစ်တပ်ဟာ ၂ဝ၂၂ ဧပြီလကနေ ၂ဝ၂၁ ဒီဇင်ဘာလအထိ ငါးလအတွင်းမှာ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။
2022-12-29
အာဏာသိမ်းစစ်တပ်ဟာ ၂ဝ၂၂ ဧပြီလကနေ ၂ဝ၂၁ ဒီဇင်ဘာလအထိ ငါးလအတွင်းမှာ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။
2022-12-29
ခိုကိုးရာမဲ့နေတဲ့ ရိုဟင်ဂျာတွေဟာ ဘဝသစ်ရှာဖို့ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွာနေကြပါတယ်။ နယ်မြေသစ်ရောက်ဖို့ အသက်နဲ့ လောင်းကြေးထပ် ခရီးနှင်ရင်း သေဆုံးရတဲ့သူတွေလည်း ရှိပါတယ်။
2022-12-29
ပင်လယ်ပြင်ကိုလှေတွေနဲ့ ဖြတ်သန်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ရောက်ရှိလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခုထိ စာသင်ကျောင်းဆောင်တစ်ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
2022-12-29
စစ်ကောင်စီက ၂ဝ၂၃ ခုနစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို လက်ခံကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ငါးဖွဲ့က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2022-12-29
ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ နှစ်သစ်ကူးပွဲကျင်းပမှာဖြစ်လို့ ရန်ကုန်တိုင်းမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို တစ်ရက်ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။